HRDP ခေါင်းဆောင်လွတ်မြောက်ရေး လှုပ်ရှားမှု စတင်ဆောင်ရွက်

နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်လာခြင်းမရှိသူ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကွန်ယက် HRDP ခေါင်းဆောင် ဦးမြင့်အေး လွတ်မြောက်ရေး လှုပ်ရှားမှုကို စတင်ဆောင်ရွက်နေပြီလို့ HRDP အဖွဲ့က ထုတ်ပြန်ပါတယ်။

ဦးမြင့်အေး လွတ်မြောက်ရေးအတွက် HRDP အဖွဲ့ဝင်များရှိတဲ့ ပြည်နယ်နှင့်တိုင်း (၈) ခု၊ မြို့နယ်ပေါင်း ၇၀ ကျော်က အဖွဲ့ဝင်တွေရဲ့လက်မှတ်များကို ကောက်ခံနေပြီး နိုင်ငံတော် သမ္မတနဲ့တကွ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့များကို ဆက်လက်တင်ပြမှာ ဖြစ်တယ်လို့ HRDP အဖွဲ့က ပြောပါတယ်။

ဦးမြင့်အေးကို ရွှေပြည်သာကောင်စီရုံး ပေါက်ကွဲတဲ့အမှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ (၈) နှစ် စီရင်ချက် ချထားတာ ဖြစ်ပါတယ်။ ဦးမြင့်အေးနှင့်အတူ ရွှေပြည်သာပေါက်ကွဲမှုမှာ စွပ်စွဲ အရေးယူခံနေရသူ HRDP အဖွဲ့ဝင် ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင်တို့လည်း လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

HRDP အဖွဲ့အနေနဲ့ ဦးမြင့်အေးနှင့်တကွ HRDP အဖွဲ့ဝင်များရဲ့ အမှုကို တရားရုံးက ပြန်လည်ကြားနာပြီး စစ်ဆေးနိုင်ရေးအတွက်လည်း ဥပဒေပညာရှင်များနဲ့ တိုင်ပင် ဆောင်ရွက်လျက်ရှိတယ်လို့ ဦးမောင်မောင်လေးက ပြောပါတယ်။

ဦးမြင့်အေးအမှုနဲ့ ပတ်သက်ပြီး ဦးမြင့်အေးရဲ့ဇနီး ဒေါ်လဲ့လဲ့ဝင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org