လူ့ခွင့်ရေး ဦးစားပေးဖို့ အစိုးရသစ်ကို HRW ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် တဲ့ မြန်မာအစိုးရသစ်အနေနဲ့ လူ့အခွင့် အရေးကိစ္စတွေကို ဦးစားပေး ဖြေရှင်းသင့် တယ်လို့ အမေရိကန်အခြေစိုက် HRW လူ့အခွင့်အရေးစောင့် ကြည့်မှုအဖွဲ့ကြီးက ဒီကနေ့ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့ မြန်မာအစိုးရသစ်အနေနဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဦးစားပေး ဖြေ ရှင်းသင့်တယ်လို့ အမေရိကန်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကြီးက ဒီကနေ့ပြောကြားလိုက် ပါတယ်။

အဖွဲ့ရဲ့ အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတွင်းမှာနေထိုင်ပြီး လူ့အခွင့်အရေးကိစ္စတွေ ကိုစောင့်ကြည့်လေ့ လာနေတဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အကြီးတန်းသုတေသီ မစ္စတာ ဒေးဗစ်မက်သီဆင် က ခုလိုပြောတာပါ။

"အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တိုးတက်အောင် ဆောင်ရွက်ရမှာတွေ အများအပြားရှိနေတာမို့ ဦးစားပေးဆောင်ရွက်ရမယ့်ကိစ္စတွေကို အကြံပေးတဲ့သဘောဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ အစိုးရသစ်ကို ကူညီတာလည်းဖြစ်ပါတယ်" လို့ ပြောသွားတာဖြစ်ပါတယ်။

အဲဒီပေးစာကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကိုလည်း ပူးတွဲပေးပို့ခဲ့ပါတယ်။

အခုကြေညာချက်နဲ့ ပတ်သက်ပြီး ဒေါ်ခက်မာရဲ့ တင်ပြချက်ကို နားဆင်ပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org