ကုလလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေး ဆောင်ရွက်သင့်ကြောင်း HRW ပြော

မြန်မာနိုင်ငံအခြေအနေဟာ ၂ဝ၁၆ နဲ့ ၂ဝ၁၇ ခုနှစ်တုန်းကလို လူမျိုးတုံးသတ်ဖြတ်တာမျိုး နောက်တစ်ကြိမ် အစပျိုးနေတာ ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။

၂ဝ၂၄ ခုနှစ် ဧပြီလက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြန်မာ့အရေးဆွေးနွေးပွဲမြင်ကွင်း။ Photo: HRW

မြန်မာနိုင်ငံမှာ နောက်ထပ်အကြမ်းဖက်ရက်စက်မှုတွေ ထပ်မဖြစ်အောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဆောင်ရွက်သင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က စက်တင်ဘာလ ၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေမှာ လုံခြုံရေးကောင်စီအနေနဲ့ တစ်စုံတစ်ရာ မဆောင်ရွက်တာက ကုလသမဂ္ဂအထက်တန်းတာဝန်ရှိသူတွေက မြန်မာ့အရေးကို အရေးကြီးကိစ္စအဖြစ် သတိပေးထားတာတွေနဲ့ ဆန့်ကျင်နေတယ်လို့လည်း ဝေဖန်ပါတယ်။

မြန်မာနိုင်ငံအခြေအနေဟာ ၂ဝ၁၆ နဲ့ ၂ဝ၁၇ ခုနှစ်တုန်းကလို လူမျိုးတုံးသတ်ဖြတ်တာမျိုး နောက်တစ်ကြိမ် အစပျိုးနေတာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ဇူလိုင်လက သတိပေးခဲ့တာကို ထောက်ပြပါတယ်။

ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ်တွေကလည်း လူမျိုးတုံးသတ်ဖြတ်မှုကို ကြိုတင်ကာကွယ်ဖို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်က အရပ်သားတွေ တိုက်ခိုက်ခံနေရတာကို ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ပြစ်တင်ရှုတ်ချတာကိုလည်း HRW က ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org