ရခိုင်အရေးနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော်မရှင်တွေကို HRW ဝေဖန်
ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနဲ့ ပတ်သက်လို့ အစိုးရ အဆက်ဆက် ဖွဲ့စည်းခဲ့တဲ့ စုံစမ်းရေး ကော်မရှင်တွေဟာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ဖိနှိပ်တာတွေ၊ အကြမ်းဖက်တာတွေကို စုံစမ်းဖော်ထုတ်ဖို့ ပျက်ကွက်ခဲ့ကြောင်း၊ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့မှာ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
-
2018-09-19 -
-
-
ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနဲ့ ပတ်သက်လို့ အစိုးရ အဆက်ဆက် ဖွဲ့စည်းခဲ့တဲ့ စုံစမ်းရေးကော်မရှင်တွေဟာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ဖိနှိပ်တာတွေ၊ အကြမ်းဖက်တာတွေကို စုံစမ်းဖော်ထုတ်ဖို့ ပျက်ကွက်ခဲ့ကြောင်း၊ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့မှာ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၂ ခုနှစ်ကတည်းက မြန်မာအစိုးရက ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်ပေါင်း ၈ ခုရှိပြီး အဲဒီကော်မရှင်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ယုံကြည်စိတ်ချလောက်အောင် ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ဒါကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာက လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပြီး သက်သေ အထောက်အထား စုံစမ်းရှာဖွေရေး အဖွဲ့အစည်းတစ်ခု ဖွဲ့ပြီး အနာဂတ်မှာ အရေးယူ အပြစ် ပေးနိုင်အောင် ပြင်ဆင်ဆောင်ရွက်ဖို့လိုအပ်ကြောင်း HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၈ မေလ ၃၁ ရက်နေ့က မြန်မာအစိုးရက ကြေညာခဲ့တဲ့ ရခိုင်စုံစမ်းရေးကော်မရှင်ဟာလည်း အရင်ကော်မရှင်များ နည်းတူ ထိရောက်မှုရှိမှာ မဟုတ်ကြောင်း၊ ဒါကြောင့် လူ့အခွင့်အရေးကောင်စီအနေနဲ့ သက်သေအထောက်အထား တွေကို စုံစမ်း စုစည်းတင်ပြနိုင်ပြီး ရာဇဝတ်မှုတွေ၊ ချိုးဖောက်မှုတွေကို ဖော်ထုတ်နိုင်မယ့် အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းပေးသင့်ကြောင်းလည်း HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။