မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်စေဖို့ HRW အဖွဲ့ တိုက်တွန်း
မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ လူ့အခွင့်အရေး မူဝါဒတွေ ပြုပြင်ပြောင်း လဲရေးအတွက် သမ္မတ ဦးသိန်းစိန်ရဲ့ EU ဥရောပသမဂ္ဂ ချစ်ကြည်ရေးခရီးစဉ်အတွင်း EU ခေါင်းဆောင်တွေအနေနဲ့ ဖိအားပေး တိုက်တွန်းသင့်တယ်လို့ အမေရိကန်ပြည်ထောင် စုအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က မတ်လ ၅ ရက်နေ့ ဒီကနေ့ တိုက်တွန်းလိုက်ပါ တယ်။
-
2013-03-05 -
-
-
မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ လူ့အခွင့်အရေး မူဝါဒတွေ ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတ ဦးသိန်းစိန်ရဲ့ EU ဥရောပသမဂ္ဂ ချစ်ကြည်ရေး ခရီးစဉ်အတွင်း EU ခေါင်းဆောင်တွေအနေနဲ့ ဖိအားပေး တိုက်တွန်းသင့်တယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က မတ်လ ၅ ရက်နေ့ ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
သမ္မတဦးသိန်းစိန်ဟာ EU အဖွဲ့ ရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဒီကနေ့ EU ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီအထဲမှာ EU ပါလီမန် ဥက္ကဋ္ဌ Martin Shulz၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ Jose Manual Barroso၊ ဥရောပကောင်စီ ဥက္ကဋ္ဌ Herman Van Rompuy နဲ့ EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton တို့လည်း ပါဝင်ပါတယ်။
သမ္မတ ဦးသိန်းစိန်အနေနဲ့ ကတိပေးထားတဲ့အတိုင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအဖွဲ့ခွဲ မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ခွင့်ပေးဖို့နဲ့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ကာကွယ်မြင့်တင့်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့်ပေးဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှု အကူညီပေးရေးအဖွဲ့တွေကို လိုအပ်တဲ့ဒေသတွေကို အကန့်အသတ် အပိတ်အပင်မရှိ သွားရောက်ပေးပို့ခွင့် ပေးရေးတွေကို တိုက်တွန်းပြောကြားသင့်တယ်လို့လည်း EU ခေါင်းဆောင်တွေကို တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ လုပ်ငန်းစဉ်အစပိုင်းသာဖြစ်ပြီး ပြီးမြောက်သွားတဲ့အလား သဘောမထားသင့်ဘူးလို့လည်း HRW အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။