အမေရိကန် ကုမ္ပဏီတွေ လူ့အခွင့်အရေး လိုက်နာဖို့ HRW တိုက်တွန်း

မြန်မာပြည်မှာ သွားရောက်ပြီး စီပွားရေး လုပ်ကိုင်နေကြတဲ့ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ အမေရိကန်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ပြဌာန်းချက်တွေကို လိုက်နာရုံမျှနဲ့ တာဝန်ကျေပြီလို့ မထင်မှတ်ကြဖို့ နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မေလ ၂၄ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်မှာ သွားရောက်ပြီး စီပွားရေး လုပ်ကိုင်နေကြတဲ့ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ အမေရိကန်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပြဌာန်းချက်တွေကို လိုက်နာရုံမျှနဲ့ တာဝန်ကျေပြီလို့ မထင်မှတ်ကြဖို့ နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မေလ ၂၄ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

အမေရိကန် ကုမ္ပဏီတွေအနေနဲ့ မြန်မာပြည်မှာ လူ့အခွင့်အရေးတွေကို ချိုးဖောက်ရာမကျအောင် သူတို့အနေနဲ့ ဘယ်လိုဆောင်ရွက်ဖို့ အစီအစဉ်တွေရှိပါတယ်ဆိုတာကို ထုတ်ဖော်တင်ပြသင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့ရဲ့အထက်တန်းအရာရှိတစ်ဦးဖြစ်တဲ့ Lisa Misol လီဆာ မီဆိုးလ်က ပြောပါတယ်။

ဒါ့အပြင် အခုလို စီပွားရေးအရ သွားရောက်မြှုပ်နှံရာကနေ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကျင့်ပျက်ခြစားမှုတွေမှာ ပါဝင်ပတ်သက်မိခြင်းမရှိအောင် သတိကြီးစွာထားဖို့လိုပါတယ်။ မိမိတို့လုပ်ကိုင်တဲ့ စီပွားရေးလုပ်ငန်းအတွက် သက်ဆိုင်ရာဒေသခံပြည်သူတွေနဲ့ သေသေချာချာ တွေ့ဆုံတိုင်ပင်သင့်တဲ့အပြင် အန္တရာယ်ကျရောက်မှု အနည်းပါးဆုံးဖြစ်စေမယ့် လုပ်ငန်းခွင်လုံခြုံရေးအစီအမံမှုတွေ သေသေချာချာ ကြိုတင်ချမှတ်ထားဖို့လိုပါတယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ သွားရောက်ပြီး ဒေါ်လာ ၅ သိန်းအထက် ရင်းနှီးမြုပ်နှံတဲ့ အမေရိကန်ကုမ္ပဏီတွေ လိုက်နာရမယ့်အချက်တွေကို တာဝန်ယူမှုရှိသော ရင်းနှီးမြုပ်နှံမှုဖြစ်ရေးအတွက် တင်ပြရမည့်လိုအပ်ချက်များလို့ အမည်ပေးပြီး အမေရိကန်နိုင်ငံခြားရေးဌာနက မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပြဌာန်းခဲ့ပါတယ်။ အဲဒီပြဌာန်းချက်မှာ ပါဝင်တဲ့အချက်တွေဟာ ကောင်းမွန်ပေမယ့် မလုံလောက်ပါဖူး။ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်တဲ့ တရားစီရင်ရေး၊ မြေယာအဓမ္မသိမ်းယူပိုင်ဆိုင်မှု၊ အစိုးရခွင့်ပြုချက်နဲ့လုပ်ကိုင်တဲ့ စီပွားရေးစီမံကိန်းတွေမှာ ဒေသခံတွေရဲ့အကျိုးစီးပွားကို ဥပက္ခာပြုမှုစတဲ့ လိုအပ်ချက်တွေကို အပြည့်အဝ ခြုံငုံခြင်းမရှိပါဖူး။ ဒါ့အပြင် မြန်မာပြည်ရဲ့စီးပွားရေးကဏ္ဍမှာ စစ်တပ်က နက်နက်ရှိုင်းရှိုင်းပါဝင်နေတဲ့အချက်နဲ့ အဓမ္မခိုင်းစေမှုတွေရှိနေတာဟာလည်း အထူးစိုးရိမ်စရာဖြစ်ပါတယ်။  ဒါကြောင့် အမေရိကန်အစိုးရရဲ့ ပြဌာန်းချက်ဟာ အခုထက်ပိုမို ခိုင်မာတောင့်တင်းဖို့လိုပါတယ်လု့ိ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org