မဲစာရင်းကြေညာချက် လူ့အခွင့်ရေးအဖွဲ့ ကြိုဆို
ဒီနှစ်ကုန်ပိုင်းမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို အသစ်ပြင် ဆင်နေရာမှာ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၀ ခုက ပြည် သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်းသစ်မှာ မိမိတို့ရဲ့ အမည်နဲ့ တခြားအချက်အလက်တွေ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မှတ်ပုံတင်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တဲ့အပေါ် HRW လူ့အခွင့်အရေးအဖွဲ့က ကြိုဆိုလိုက် ပါတယ်။
-
2015-04-01 -
-
-
ဒီနှစ်ကုန်ပိုင်းမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို အသစ်ပြင်ဆင်နေရာမှာ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၀ ခုက ပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်းသစ်မှာ မိမိတို့ရဲ့ အမည်နဲ့ တခြားအချက် အလက်တွေ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မှတ်ပုံတင်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တဲ့အပေါ် HRW လူ့အခွင့်အရေးအဖွဲ့က ကြိုဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲ အမှန်တကယ်ကျင်းပဖွယ် ရှိ မရှိ ပြည်တွင်း ပြည်ပက သံသယ နဲ့ စောင့်ကြည့်နေကြချိန်မှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အခုခြေလှမ်းဟာ သေးငယ်သော်လည်း၊ မြန်မာနိုင်ငံမှာ အခွင့်အရေးတွေကို လေးစားသမှုရှိပြီး၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးအတွက် အင်မတန် အရေးကြီးတဲ့ခြေလှမ်းဖြစ်ါကြောင်း HRW လူ့အခွင့်အရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဟာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နေရာမှာ၊ အရင်အစိုးရရဲ့ လုပ်နေကျနည်းနာတွေကနေ ခွဲထွက်ပြီး၊ တစ်ပြည်လုံးက မဲဆန္ဒရှင် သန်း ၃၀ ဝန်းကျင်အတွက် စစ်မှန်တဲ့တိုင်ပင်ဆွေးနွေးမှုတွေ၊ အကြံပြုချက်တွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြုဖွယ်ကိစ္စတွေကို သြဂုတ်လမှာ အပြီးသတ်မယ်လို့သိရကြောင်း၊ ဒါပေမဲ့ တိုင်းရင်းသားလူမျိုးစုတွေရှိရာ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရွေးကောက်ပွဲကျင်ပနိုင်ဖွယ်မရှိသလို၊ ဝှိုက်ကဒ်ခေါ် ယာယီနိုင်ငံသား ကဒ်ပြားကိုင်ဆောင်သူတွေ မဲပေးခွင့်ရှိကြောင်း ကြေညာပြီးမှ၊ အဲဒီ့ဝှိုက်ကဒ်တွေ မတ်လကုန်မှာ သက်တမ်းကုန်မယ်လို့ ထပ်မံကြေညာခဲ့တာတွေက ရွေးကောက်ပွဲအတွက် စိုးရိမ်စရာဖြစ်ကြောင်းလည်း ဖေါ်ပြ ထားပါတယ်။
ဒါ့ပြင် မေလမှာကျင်းပမယ်ဆိုတဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲဟာလည်း ကျင်းပဖွယ်မရှိတဲ့ လက္ခဏာတွေ တွေ့မြင်နေရပေမဲ့၊ အခြေခံဥပဒေပင်ဆင်ရေးဟာ အရေးတကြီးလိုအပ်နေတာဖြစ်ကြောင်း လည်း ဖေါ်ပြထားပါတယ်။