ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှု ဒီမိုကရေစီ ပြုပြင်ရေးကို ထိခိုက်ကြောင်း HRW ပြော
မြန်မာအစိုးရရဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး ရှင်းလင်းမှုအပြင် မီဒီယာနဲ့ အကူအညီပေးရေး စီမံကိန်းတွေအပေါ် ချုပ်ကိုင်ဖိနှိပ်တာတွေကြောင့် မြန်မာနိုင်ငံ ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးပုံရိပ်ကို ထိခိုက်စေတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW ရဲ့ ၂၀၁၈ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
-
2018-01-18 -

စာမျက်နှာ ၆၀၀ ကျော်ရှိတဲ့ HRW ရဲ့ အစီရင်ခံစာမှာ ကမ္ဘာ့နိုင်ငံပေါင်း ၉၀ ကျော်က လူ့အခွင့်အရေး အခြေအနေတွေကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို သတ်ဖြတ်ခြင်း၊ ရွာများကို မီးရှို့ခြင်း၊ မုဒိန်းကျင့်ခြင်း စတာတွေကို စစ်တပ်က ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပြီး မြန်မာအစိုးရကလည်း အကြိမ်ကြိမ် ငြင်းဆိုခဲ့တယ်လို့ ရေးသားထားပါတယ်။
အလားတူ ဆက်သွယ်ရေး ဥပဒေပုဒ်မဖြစ်တဲ့ ၆၆ ဃ နဲ့ လူ ၉၀ ကျော်ကို အရေးယူခဲ့ပြီး ၂၀ကျော်ဟာ သတင်းသမားတွေ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဇွန်လထဲမှာ မတရားအသင်းဆက်သွယ်မူနဲ့ သတင်းသမား ၃ ဦးကို ဖမ်းခဲ့သလို ဒီဇင်ဘာလအတွင်း ရိုက်တာသတင်းထောက် ၂ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာတော့ ရန်ကုန်က မြို့နယ် ၁၁ မြို့နယ်မှာ စုရုံးခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်တွေကို ပိတ်ပင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါအပြင် ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ HRW ရဲ့ ကြေညာချက်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးမြို့မှာ ဆန္ဒပြသူ အရပ်သားများကို ရဲကပစ်ခတ်လို့ သေဆုံးရတာကို ရှုတ်ချလိုက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။