လူ့အခွင့်ရေးချိုးဖောက်တာတွေကို ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို တိုက်တွန်း
မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန် နေတာတွေကို ရပ်တန့်အောင် စစ်ခေါင်းဆောင်ပိုင်း အနေနဲ့ မူဝါဒချမှတ်ဆောင်ရွက်ဖို့ နဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူပေးဖို့ အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီး Human Rights Watch က စာရေးသား တိုက်တွန်းလိုက် ပါတယ်။
-
2011-03-25 -
-
-
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီး Human Rights Watch အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော စစ်ခေါင်းဆောင်ပိုင်းကို ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ရေးသားပေးပို့သောစာ။
မြန်မာစစ်တပ် စစ်ဥပဒေချုပ် ဗိုလ်ချုပ်ရာပြည့်ကို လိပ်မူပြီး ပေးပို့တဲ့ ဒီစာမှာ မတ်လ ၂၇ ရက်နေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် တပ်မတော်နေ့ အခါသမယမှာ တပ်မတော်သား အားလုံး နိုင်ငံတကာ လူ့အခွင့်ရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာဖို့ မြန်မာ စစ်တပ်ရဲ့ ဥပဒေပိုင်း ဆိုင်ရာ အကြီးအကဲတဦး အနေနဲ့ လူသိရှင်ကြား အမိန့် ထုတ်ပြန်ပေးဖို့ တောင်းဆိုထား ပါတယ်။
ဗိုလ်ချုပ် ရာပြည့် အနေနဲ့ တာဝန်ရှိကြောင်း သတိပေးလိုတဲ့ အတွက် အခုလို စာပို့တာ ဖြစ်ကြောင်း HRW ရဲ့ ဝါရှင်တန် ဒီစီရုံး ပြောခွင့်ရသူ Tom Malinowski က RFA ကို ပြောပါတယ်။
တပ်မတော်နေ့နဲ့ တိုက်ဆိုင်ပြီး မြန်မာ စစ်တပ် စစ်ဥပဒေချုပ် ဆီကို စာပို့တာဟာ စစ်သားတွေက အရပ်သား ပြည်သူတွေ အပေါ် ကျူးလွန်တဲ့ ဥပဒေမဲ့ သတ်ဖြတ်မှု၊ နှိပ်စက် ညှဉ်းပန်းမှု၊ မုဒိမ်းမှုနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှု စတဲ့ ရာဇဝတ်မှုတွေကို အရေးယူ အပြစ်ပေးဖို့ သူ့မှာ တာဝန်ရှိကြောင်း သတိပေးတာ ဖြစ်တယ်လို့ Mr. Malinowski က ပြောပါတယ်။
HRW ရဲ့ မနေ့ညနေပိုင်းက ထုတ်ပြန်တဲ့ ဗိုလ်ချုပ် ရာပြည့်ထံ ပေးစာမှာ မြန်မာဘာသာနဲ့ စာမျက်နှာ ၄ မျက်နှာ ပါရှိပြီး မိတ္တူကို စစ်အစိုးရ ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်၊ ကုလသမဂ္ဂ ဂျီနီဗာဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်ကျော်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်း၊ အမှတ် ၄ စစ်ဆင်ရေး အထူးအဖွဲ့မှူး ကစထ ၄ ဗိုလ်ချုပ် သက်နိုင်ဝင်း နဲ့ စခက ၁၂ ကော့ကရိတ်က ဗိုလ်မှူးကြီး နိုင်ဝင်းတို့ကို ပေးပို့ထားတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး HRW က Tom Malinowski ကို ဆက်သွယ် မေးမြန်းပြီး RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင် ပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |