နယ်စပ်ရှိ ချင်းကျေးရွာများ ရိက္ခာရှားပါးမှုနဲ့ ကြုံတွေ့

အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ် ထန်တလန်မြို့ ဇာနတ်တောင်ကြောမှာရှိတဲ့ ချင်းရွာ ၇ ရွာမှာ စားနပ်ရိက္ခာရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး လူဦးရေသုံးထောင်ကျော်လောက် ဒုက္ခရောက်နေကြရတယ် လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ် ထန်တလန်မြို့ ဇာနတ်တောင်ကြောမှာရှိတဲ့ ချင်းရွာ ၇ ရွာမှာ စားနပ်ရိက္ခာရှားပါးမှုနဲ့့ ရင်ဆိုင်နေရြီး လူဦးရေသုံးထောင်ကျော်လောက် ဒုက္ခရောက်နေကြရတယ် လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က မိုးခေါင်လွန်းတာအပြင် မြေယာတွေကလည်း စိုက်ပျိုးစားသောက်ို့ မရတော့တဲ့အခြေအနေထိ ဆိုးဝါးနေတယ်ို့ ထန်တလန်မြို့နယ် စီးမှုကျေးရွာက ချင်းတိုင်းရင်းသား ဦးဟရမ်ဘေးက RFA ကို အခုလို ပြောပါတယ်။

မနှစ်တုန်းက မိုးကသိပ်မရွာဘူး၊ စပါးမရိတ်ခင်ပေါ့၊ အဲမှာလေတအားတိုက်တယ်၊ စပါးအထဲမှာ အစေ့မထွက်တော့ဘူး၊ စပါးတွေ အကုန်ပျက်တယ်၊ အဲဒါကြောင့် တရွာလုံးဒုက္ခရောက်နေတယ်၊ စားဖို့မရှိတော့ဘူး”

စားနပ်ရိက္ခာရှားပါးှု ရင်ဆိုင်နေရတဲ့ ကျေးရွာတွေကတော့ စီးမှု၊ ထန်ရန်း၊ ဖုန်ကန့်၊ ရွတ်ဘိုး၊ ဆိုင်ကမ့်၊ ဘုံခွား၊ လွန်းလဲစတဲ့ ရွာတွေဖြစ်ပါတယ်။ အဲဒီရွာတွေက ရွာသားတွေဟာ ပြီးခဲ့တဲ့လပိုင်းတွေကစပြီး ဆန်ပြတ်လပ်တာကြောင့် ဆန်ပြုတ်စားနေကြရတယ်ို့လည်း ပြောပါတယ်။ ဒါ့အပြင် အဲဒီရွာတွေဟာ ထန်တလန်မြို့ကနေ မိုင် ၄ လောက်ေးပြီး သွားလာရခက်ခဲတဲ့ ကျေးရွာတွေဖြစ်တယ်ို့ သိရပါတယ်။

ဒီကိစ္စဲ့ ပတ်သက်ြီး ချင်းပြည်နယ်အစိုးရအွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ တာန်ယူဖြေကြားမယ့်သူတွေ အစည်းအေးတက်နေတယ်လို့သာ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org