မီတာခတွေ ပြင်ဆင်သတ်မှတ် ဖို့ ဆွေးနွေးနေ

လက်ရှိကောက်ခံနေတဲ့ လျှပ်စစ်ဓာတ်အား ခနှုန်းထားတွေကို ပြင်ဆင်သတ်မှတ် ဖို့ ဆွေးနွေးနေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန၊ တစ်လတစ်ကြိမ် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ပြောပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင် ကို မေလ ၁၁ ရက်နေ့က တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

လက်ရှိကောက်ခံနေတဲ့ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကို ပြင်ဆင်သတ်မှတ်ဖို့ ဆွေးနွေးနေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ တစ်လတစ်ကြိမ် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင် က ပြောပါတယ်။

လျှပ်စစ်ဓာတ်အားခ ပြင်ဆင်သတ်မှတ်ဖို့ ပြည်သူလူထုသိအောင် ကျယ်ပြန့်စွာအသိပေးမယ်လို့ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ပြောပါတယ်။

"ပြင်မယ်ဆိုရင် ကျနော်တို့ ပြည်သူလူထုကိုသိအောင် ချပြမှာဖြစ်ပါတယ်၊ ပြည်သူ့လွှတ်တော်လည်း တင်ပြမယ်၊ အကုန်လုံး အတည်ပြုပြီးတော့ အားလုံးရဲ့ သဘောထားမှတ်ချက်တွေ အားလုံးပြည့်စုံမှ ကျနော်တို့ ဆောင်ရွက် မှာဖြစ်ပါတယ်၊ အဲလိုပြည်သူလူထုကို ကျယ်ပြန့်စွာသိရှိအောင် ဆောင်ရွက်တဲ့အခါမှာ မီဒီယာသမားတွေ အားလုံးကိုဖိတ်ကြားပြီးတော့ သိချင်တဲ့ဟာတွေ အားလုံးကို  ဂဃနဏသိအောင် ကျနော်တို့ ရှင်းလင်းပြီးတော့မှ ဆောင်ရွက်မှာဖြစ်ပါတယ်၊ သို့သော်လည်း အခုချိန်မှာတော့ သွားနေတဲ့ အစီအစဉ်လေးဖြစ်တဲ့အတွက်ကြောင့် ထုတ်ပြန်ပေးနိုင်းခြင်း မရှိသေးတာကို နားလည်ပေးဖို့ လိုအပ်ပါတယ်"

အဲဒီလို လျှပ်စစ်ဓာတ်အားခပြင်ဆင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းနဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေ၊ ပညာရှင်တွေ၊ ဌာနက တာဝန်ရှိသူတွေ ဆွေးနွေးပွဲ နှစ်ကြိမ်ပြုလုပ်ထားတယ်လို့ ပြောပါတယ်။

လက်ရှိမှာ အစိုးရအနေနဲ့ အိမ်ထောင်စုအားလုံးရဲ့ ၃၇ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ မိသားစု ၄ သန်းကျော် သာ လျှပ်စစ်ဓာတ်အားပေးနိုင်ပြီး တစ်နှစ်မှာ ကျပ်ဘီလီယံ ၃၃၃ အရှုံးခံပြီးဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း ရန်ကုန်တိုင်းမှာ လျှပ်စစ်မီတာခ သုံးဆတက်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မဟုတ်မှန်တဲ့အကြောင်း ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org