နိုင်ငံမပြောင်းလဲသေးဘူးပြော သူတွေကို ဦးဌေးဦး ဝေဖန်
အပြောင်းအလဲကို လက်တွေ့လုပ်ဆောင်မှု မှာ မပါတဲ့သူတွေကသာ မပြောင်းလဲသေး ဘူးလို့ ပြောနေကြတာဖြစ်တယ်လို့ လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ပတ်သက်ပြီး ပြည်ခိုင် ဖြိုးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦးက မဲဆွယ်စည်းရုံးရေးခရီးစဉ် မှာ ပြောပါတယ်။
-
2015-10-02 -
-
-
အပြောင်းအလဲကို လက်တွေ့လုပ်ဆောင်မှုမှာ မပါတဲ့သူတွေကသာ မပြောင်းလဲသေးဘူးလို့ ပြောနေကြ တာဖြစ်တယ်လို့ လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦးက မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဟသာၤတမြို့နယ်က ရှားခဲကျေးရွာမှာ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ ဦးဌေးဦး က ပြောလိုက်တာဖြစ်ပါတယ်။
"ဒီလိုပြောင်းလဲလာတယ်ဆိုတဲ့ဥစ္စာသည် တစ်အချက်က ကျနော်ပြောရဲတာက ဒီလိုပြောင်းလဲလာအောင် လုပ်တဲ့လူတွေသည် ပြောင်းလဲလာတာကို သိတဲ့လူတွေပဲဖြစ်မယ်၊ မသိတဲ့လူတွေတော့ သူတို့မပါလို့မသိတာလို့ ကျနော် ဒါတင်ပြချင်ပါတယ်၊ မပြောင်းလဲသေးဘူးဆိုတာ ဒီလုပ်တဲ့အထဲမှာမပါတဲ့အတွက် သူတို့ဒီအခြေအနေကို မသိတဲ့အတွက် မပြောင်းလဲဘူးလို့ ပြောနေတယ်လို့ပဲ ကျနော်ယူဆပါတယ်"
ဦးဌေးဦးရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေက ဆိုင်ကယ်တွေနဲ့ လှည့်လည်ခဲ့ကြပြီး ဟသာၤတမြို့နယ် ရှားခဲကျေးရွာအုပ်စုက မဟာဇေယျဓမ္မရတနာ တန်ဆောင်းတော်ကြီး ဓမ္မာရုံမှာ လူထုနဲ့တွေ့ဆုံ ဟောပြောခဲ့တာဖြစ်ပါတယ်။
အဲ့ဒီတွေ့ဆုံပွဲမှာ ဟသာၤတမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်း၊ တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဧရာဝတီတိုင်း သစ်တောနဲ့ သတ္တုဝန်ကြီး ဦးစိုးမြင့်နဲ့ ဒေါက်တာ သိမ်းစိုးတို့ကို လူထုနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။
ဦးဌေးဦးဟာ ဟသာၤတမြို့ကို မနေ့က စတင်ရောက်ရှိခဲ့တာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက ဦးစီးဆောင်ရွက်ပေးခဲ့တဲ့ စာသင်ကျောင်းဆောင်တွေနဲ့ ကွန်ကရစ်လမ်းဖွင့်ပွဲတွေကို တက်ရောက်ဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။