ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ပူးတွဲဥက္ကဌအဖြစ် ဦးဌေးဦးကို တာဝန်ပေးအပ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ပူးတွဲဥက္ကဌ တာဝန်ကို ဒုတိယဥက္ကဌဖြစ် တဲ့ ဦးဌေးဦးကို နိုင်ငံတော်သမ္မတက ပေးအပ်လိုက်တယ် လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး က ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦး ကို တွေ့ရစဉ် Photo: Myo Thant Khaing/RFA

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ပူးတွဲဥက္ကဌ တာဝန်ကို ဒုတိယဥက္ကဌဖြစ်တဲ့ ဦးဌေးဦးကို နိုင်ငံတော် သမ္မတက ပေးအပ်လိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး က ပြောပါတယ်။

ပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကြောင့် သမ္မတက တာဝန်ပေးလိုက်တာဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ရုံးချုပ်ကို စစ်တပ်နဲ့ ရဲတပ်ဖဲ့ွဝင်တွေ မနေ့ညက ဝိုင်းတယ်ဆိုတာဟာ မဟုတ်မှန်ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ အရင်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီဥက္ကဌဖြစ်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် လစ်လပ်သွားတဲ့ ပါတီဥက္ကဌနေရာမှာ သူရဦးရွှေမန်းကို ယာယီဥက္ကဌအဖြစ် လွဲှပြောင်းပေးထားတာဖြစ်ပါတယ်။

USDP ပါတီတွင်း ခေါင်းဆောင်အပြောင်းအလဲတွေကို မကြာခင်ထုတ်ပြန်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org