သမ္မတ ဦးထင်ကျော် အာရှ ဥရောပ ထိပ်သီးဆွေးနွေးပွဲ တက်မည်
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ၁၁ ကြိမ်မြောက် အေဆမ် ASEAM အာရှ ဥရောပ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ မွန်ဂိုလီးယားနိုင် ငံ အူလန်ဘာတာမြို့ကို သွားရောက်မှာဖြစ်ကြောင်းပါတယ်။
-
2016-07-10 -
-
-
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ၁၁ ကြိမ်မြောက် အေဆမ် ( ASEAM ) အာရှ ဥရောပ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့ကို သွားရောက်မှာဖြစ်ကြောင်းပါတယ်။
အာရှ ဥရောပဆွေးနွေးပွဲကို ဇူလိုင်လ ၁၅ ရက် ကနေ ၁၆ ရက်နေ့အထိ နှစ်ရက်ကျင်းပမှာဖြစ်ပါတယ်။
သမ္မတ ဦးထင်ကျော်ရဲ့ ဒီခရီးစဉ်ဟာ အာရှ ဥရောပဆွေးနွေးပွဲ တက်ရောက်ဖို့ဖြစ်သလို၊ မွန်ဂိုလီးယား သမ္မတရဲ့ ဖိတ်ကြားချက်အရ အပြန်အလှန် အလည်အပတ်ခရီးလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က မွန်ဂိုလီးယား သမ္မတ မစ္စတာ ဇက်ခ်ဟီးယား အယ်လ်ဘတ်ဒေါ့ဂျ်ဟာ မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်မှာ သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့ပြီး၊ ယဉ်ကျေးမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့အပြင်၊ မွန်ဂိုလီးယား မြန်မာ စီးပွားရေးလုပ်ငန်းကောင်စီကိုလည်း စတင်ဖွဲ့စည်းခဲ့ပါတယ်။
မွန်ဂိုလီးယားသမ္မတဟာ ဇွန်လ ၁၆ ရက်နေ့ နေပြည်တော်မှာ ဟောပြောပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်၊ မွန်ဂိုလီး ယားနိုင်ငံမှာ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့ပုံအပါအဝင် သူ့ရဲ့အတွေ့အကြုံတွေ ပြောကြား ခဲ့ပါတယ်။
မြန်မာနဲ့ မွန်ဂိုလီးယား နှစ်နိုင်ငံဟာ ၁၉၆၅ ခုနှစ် ကတည်းက သံတမန်ဆက်ဆံရေး စတင်ခဲ့တာဖြစ်လို့၊ ဒီနှစ်မှာ သံဆက်ဆံရေး နှစ်ပေါင်း ၆ဝ ရှိပြီဖြစ်ပါတယ်။