သတင်းမှား ဖြန့်ချိသူတွေကို CID အမှုဖွင့်

နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှုတ် ထွက်မယ်ဆိုတဲ့ သတင်းအမှားကို ထုတ် လွှင့်ဖြန့်ချိခဲ့သူတွေကို ဆက်သွယ်ရေး ဥပဒေပုဒ်မတွေနဲ့ အရေးယူပေးဖို့ နေပြည်တော် အမှတ် ၁ မြို့မရဲစခန်းမှာ CID က တရားလိုလုပ်ပြီး အမှုဖွင့်တိုင်ကြား ထားပါတယ်။

NLD Central News Facebook စာမျက်နှာက ဖော်ပြခဲ့တာကို တွေ့ရစဉ် .

နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှုတ်ထွက်မယ်ဆိုတဲ့ သတင်းအမှားကို ထုတ်လွှင့်ဖြန့်ချိခဲ့သူတွေကို ဆက်သွယ်ရေး ဥပဒေပုဒ်မတွေနဲ့ အရေးယူပေးဖို့ နေပြည်တော် အမှတ် ၁ မြို့မရဲစခန်းမှာ CID က တရားလိုလုပ်ပြီး အမှုဖွင့် တိုင်ကြားထားပါတယ်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈ က၊ ၆၆ ဃ တို့နဲ့ မနေ့က အမှုဖွင့်ထားတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေကို CID ကပဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ နေပြည်တော် အမှတ် ၁ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဌေးက ပြောပါတယ်။

"တိုင်စာနဲ့ တိုင်ပါတယ်ဗျာ၊ တရားခံကိုတော့ စုံစမ်းဆဲပေါ့နော် အဲဒီအနေအထားနဲ့ပဲ တိုင်ပါတယ်၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈ က၊ ၆၆ ဃ အဲဒီပုဒ်မတွေနဲ့ ဖွင့်ပါတယ်၊ မနေ့က ဖွင့်တာပါ၊ CID က တရားလိုလုပ်ပြီး CID ကပဲ စစ်ပါတယ်ခင်ဗျ"

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှုတ်ထွက်တယ်ဆိုတဲ့သတင်း၊ သူရဦးရွှေမန်းကို သမ္မတအဖြစ်ခန့်ဖို့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားခရီးစဉ် ပြန်အလာကို စောင့်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥရောပနိုင်ငံခရီးစဉ် ထွက်နေ ချိန် မေလ (၃)ရက်နေ့မှာ စတင်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီသတင်းကို popolay.com အင်တာနက် ဝက်ဘ်ဆိုက်မှာ စတင်ဖော်ပြခဲ့တာဖြစ်တယ်လို့ CID ရဲ့ တိုင်ကြားစာ မှာ ပါရှိပါတယ်။

သတင်းအမှားကို စတင်ဖော်ပြခဲ့တဲ့ popolay.com အင်တာနက် ဝက်ဘ်ဆိုက်ကတော့ ဒီလို သတင်းမှားယွင်းမှု အတွက် တောင်းပန်ကြောင်းနဲ့ သူတို့အနေနဲ့ အဲဒီသတင်းကို NLD Central News Facebook စာမျက်နှာကနေ ကူးယူဖော်ပြတာဖြစ်ကြောင်း မနေ့ကစတင်ပြီး ဖော်ပြထားပါတယ်။

NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကတော့ ဒီလိုသတင်းအမှားတွေ ထုတ်လွှင့်တဲ့ကိစ္စဟာ NLD အစိုးရကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာဖြစ်တယ်လို့ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org