သဘာဝဘေးဆိုင်ရာ လုပ်ငန်းတွေ ပိုလုပ်ဖို့ ကြက်ခြေနီကို သမ္မတ တိုက်တွန်း

သဘာ၀ ဘေးအန္တရာယ်ဖြစ်ပွားမှု မြင့်တက် လာတာကြောင့် ကြက်ခြေနီအသင်းအနေနဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနဲ့ တုန့်ပြန်ရေး လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ကြဖို့ နိုင်ငံတော် သမ္မတဦးထင်ကျော် က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မေလ ၈ ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားမှာ သမ္မတဦးထင်ကျော် အဖွင့်မိန့်ခွန်းပြောကြားစဉ် Photo: Win Naung Toe/ RFA

သဘာ၀ ဘေးအန္တရာယ်ဖြစ်ပွားမှု မြင့်တက်လာတာကြောင့် ကြက်ခြေနီအသင်းအနေနဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနဲ့ တုန့်ပြန်ရေး လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ကြဖို့ နိုင်ငံတော် သမ္မတဦးထင်ကျော် က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

နေပြည်တော် MICC ( 2 ) မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပတဲ့ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနား အဖွင့်မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အခုလိုထည့်သွင်းပြောဆိုသွားတာပါ။

ပြီးခဲ့တဲ့ ဆယ်နှစ်တာ ကာလအတွင်း သဘာဝဘေးကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ဆယ့်နှစ်သန်းကျော် ဘေးဒုက္ခခံစားခဲ့ကြရပြီး ၁ သိန်း ၄ သောင်းကျော် အသက်ဆုံးရှုံးခဲ့ရ ကြောင်းလည်း သမ္မတဦးထင်ကျော်က ထည့်သွင်းပြောဆိုသွားပါတယ်။

ဒါ့အပြင် ကြက်ခြေနီလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့လခြမ်းနီ လှုပ်ရှားမှုရဲ့ အခြေခံမူတွေနဲ့ ဥပဒေသတွေကို လိုက်နာဆောင်ရွက်ဖို့ လိုသလို နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အနေနဲ့ ကြက်ခြေနီအသင်းတွေကို ကူညီဖို့အသင့်ရှိကြောင်း ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက တာဝန်ရှိသူတွေနဲ့ အပြည်ပြည်ဆိုင်ရာ လခြမ်းနီအသင်းက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org