သမ္မတ ဦးထင်ကျော် ထိုင်းနဲ့ ဗီယက်နမ် ဝန်ကြီးချုပ်တွေ နဲ့ ဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့က အာဆီယံ-ရုရှား ထိပ်သီး အစည်းအဝေးကို ရောက်ရှိနေ တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဟာ ၁၉ ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာနဲ့ မွန်းလွဲပိုင်းမှာ တွေ့ဆုံပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လူမှုဘဝလုံခြုံရေး၊ ကျန်းမာရေးနှင့် ဘဝအာမခံချက် အကျိုးခံစားခွင့်များရရှိရေး၊ အလုပ်သမားများ အလုပ်အကိုင်ရရှိရေးနဲ့ နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ သဘော တူညီချက်များရရှိရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အာဆီယံနိုင်ငံတွေက နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲတွေကို မေလ ၂ဝ ရက်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့မှာ တွေ့ရစဉ် Photo: Myanmar President Office (facebook)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့က အာဆီယံ-ရုရှား ထိပ်သီး အစည်းအဝေးကို ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဟာ ၁၉ ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာနဲ့ မွန်းလွဲပိုင်းမှာ တွေ့ဆုံပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လူမှုဘဝလုံခြုံရေး၊ ကျန်းမာရေးနှင့် ဘဝအာမခံချက် အကျိုးခံစားခွင့်များရရှိရေး၊ အလုပ်သမားများ အလုပ်အကိုင်ရရှိရေးနဲ့ နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ သဘော တူညီချက်များရရှိရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတသည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc (မစ္စတာ ငုယင်ရွှမ် ဖတ်)နှင့် တွေ့ဆုံပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက် မှု မြှင့်တင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော် သမ္မတရုံးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org