လူ့အခွင့်အရေးကော်မရှင်အဖွဲ့ စစ်တွေမြို့ဒေသခံများနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မငြိမ်သက်မှုတွေ ရှိနေသမျှကာလပတ်လုံး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေမှာဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဒီကနေ့ ပြော ကြားလိုက်ပါတယ်။

စစ်တွေမြို့မှာ နိုဝင်ဘာလ ၆ ရက်နေ့က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နဲ့ ဒေသခံ များ တွေ့ဆုံနေစဉ် photo: RFA/ Min Thein Aung

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မငြိမ်သက်မှုတွေ ရှိနေသမျှကာလပတ်လုံး လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုတွေ ရှိနေမှာဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံသားတိုင်း ရဲ့ မူလအခွင့်အရေးဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော် မရှင်က စစ်တွေမြို့မှာ ဒေသခံတွေနဲ့တွေ့ဆုံစဉ် ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောကြားခဲ့တာပါ။

ဒီတွေ့ဆုံဆွေးနွေးပွဲကို စစ်တွေမြို့မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဌာနဆိုင်ရာတွေက လူ ၃၀၀ ကျော် တက်ရောက်ခဲ့ကြပြီး လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို ဒေသခံတွေနဲ့ အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။

ကော်မရှင်ဟာ မနက်ဖြန်မှာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးစတဲ့ မြို့တွေကိုသွားရောက်ပြီး ဒေသခံတွေ နဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း သိရပါတယ်။

ကော်မရှင်  အတွင်းရေးမှူး ဦးစစ်မြိုင် ကို  RFA မခင်ခင်အိရဲ့ ဆက်သွယ်မေးမြန်းချက် နားဆင်နိုငိပါတယ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org