မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ဆုံးဖြတ်ချက် ဥရောပပါလီမန်ချမှတ်

မြန်မာနိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အီးယူ- ဥရောပပါလီမန်က ဆုံးဖြတ်ချက်နှစ်စောင် မနေ့ကချမှတ်လိုက်ပါတယ်။ ကိုးကွယ်ရာ ဘာသာနဲ့ တိုင်းရင်းသားတွေပေါ် ပြုမူတာ အပါအဝင် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကြောင့် ချမှတ်တာပါ။

၂ဝ၂၁ ခုနှစ် မတ်လက ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ၤၤၤၤFile Photo: Reuters

မြန်မာနိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အီးယူ- ဥရောပပါလီမန်က ဆုံးဖြတ်ချက်နှစ်စောင် မနေ့ကချမှတ်လိုက်ပါတယ်။ ကိုးကွယ်ရာဘာသာနဲ့ တိုင်းရင်းသားတွေပေါ် ပြုမူတာ အပါအဝင် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကြောင့် ချမှတ်တာပါ။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ဘယ်လိုကန့်ကွက်ဆန့်ကျင်မှု မှန်သမျှ အကြမ်းဖက်နှိမ်နင်းပြီး လူ့အခွင့်အရေးချိုးဖောက်နိုင်သမျှ ချိုးဖောက်တာနဲ့ ပြည်သူတွေအပေါ် ဒါတွေဆက်လက်ကျူးလွန်နေတာကို ဥရောပပါလီမန်က မြန်မာစစ်တပ်ကို ပြစ်တင်ရှုတ်ချပါတယ်။ ဒီလို လူအခွင့်အရေး ဆက်လက်ချိုးဖောက်နေတာနဲ့ ဒီလိုလုပ်ရပ်တွေဟာ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ အီးယူပါလီမန်အမတ်တွေက ပြောပါတယ်။

တိုင်းရင်းသားတွေနဲ့ လူနည်းစု ကိုးကွယ်တဲ့ ဘာသာရေးဆိုင်ရာဘုရားကျောင်းတွေ၊ ဗလီတွေ၊ ကျောင်းတွေ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ၊ အထောက်အပံံ့တွေကို မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်တာတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးတာတွေကို အီးယူအမတ်တွေက အထူးသဖြင့် ပြစ်တင်ရှုတ်ချပါတယ်။

ဒါတင်မက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ စစ်အာဏာသိမ်းချိန်နဲ့ သိမ်းပြီးကာလမှာ စစ်တပ်က ဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားဖမ်းဆီးထားသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org