မန္တလေးကျောင်းသားတွေကို လွှတ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချထားတဲ့ မန္တလေးက တက္ကသိုလ်ကျောင်းသား ၇ ယောက်ကို ချွင်းချက်မရှိ၊ အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့ Fortify Rights အဖွဲ့နဲ့ အသံအဖွဲ့က မြန်မာအစိုးရကို မနေ့က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်က ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ၇ ဦးကို ၂၀၁၉၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က အမရပူရမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ် Photo: Khaymani Win/ RFA

အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချထားတဲ့ မန္တလေးက တက္ကသိုလ်ကျောင်းသား ၇ ယောက်ကို ချွင်းချက်မရှိ၊ အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့ Fortify Rights အဖွဲ့နဲ့ အသံအဖွဲ့က မြန်မာအစိုးရကို မနေ့က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

မန္တလေးတိုင်းထဲက တက္ကသိုလ်ကျောင်းသားတွေ မကြာခဏ အသတ်ခံရပြီး၊ တချို့အမှုတွေ တရားခံမမိတာ၊ ကျောင်းသားတွေရဲ့ တန်ဖိုးကြီးပစ္စည်းတွေ မကြာခဏ လုယက်ခံရ၊ ခိုးယူခံနေရတာတွေကြောင့် လုံခြုံရေးကောင်းအောင် ဆောင်ရွက်ပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ ကျောင်းသားတွေကို ပြီးခဲ့တဲ့ ၁၃ ရက် နေ့က အလုပ်ကြမ်းနဲ့ ထောက်ဒဏ် ၃ လစီ ချလိုက်တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက အခုလို ပြောဆိုတာဖြစ်ပါတယ်။

သူတို့ဆန္ဒပြတာဟာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေနဲ့ ကိုက်ညီတယ်လို့ အဲဒီအဖွဲ့တွေကပြော ဆိုလိုက်ပါတယ်။

ကျောင်းသားတွေက မှန်ကန်တဲ့လုပ်ရပ်ကို လုပ်ခဲ့ပြီး၊ လုံခြုံရေးကောင်းအောင် တာဝန်ယူပေးဖို့ ဆန္ဒပြတဲ့နည်းနဲ့ ကြိုးစားကြတာဖြစ်တယ်၊ ဒီလိုအရေးယူလိုက်တာဟာ နောက်ထပ် ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြမယ့် တက္ကသိုလ်ကျောင်းသားတွေကို မြန်မာအာဏာပိုင်တွေက အယူအဆအမှား ပေးလိုက်တာဖြစ်တယ်လို့ Fortify Rights အဖွဲ့ရဲ့ အမှုဆောင် Matthew Smith ကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org