မြန်မာနိုင်ငံရှေ့ရေး လူ့အခွင့်အရေးကိုယ်စားလှယ် စိုးရိမ်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေဟာ မြန်မာနိုင်ငံ ရှေ့ရေးအတွက် စိုးရိမ်စရာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana က မနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပြီး၊ မြန်မာအစိုးရအနေနဲ့ ဒီပြဿနာကို ကူးစက် ပြန့်ပွားမသွားအောင် တားဆီးဖို့၊ တခြားလူ့အခွင့်အရေး ကိစ္စတွေနဲ့အတူ ဖြေရှင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
-
2012-06-13 -
-
-
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana
Photo courtesy of UN Multimedia.org
အခြေအနေတွေ တည်ငြိမ်သွားပြီး၊ တရားဥပဒေစိုးမိုးမှု ရှိလာတာနဲ့ ကြေညာထားတဲ့ အရေးပေါ်ဥပဒေကို ပြန်လည်ရုပ်သိမ်းဖို့၊ လုံခြုံရေးဆောင်ရွက်ရာမှာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ မခွဲခြားဘဲ ဆောင်ရွက်ဖို့လည်း ဆော်သြလိုက်ပါတယ်။
ဒီအတွင်း အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် က -
ရခိုင်ပြည်နယ်အရေးကိစ္စ ဖြစ်စဉ်တွေကို အနီးကပ် စောင့်ကြည့်နေပါကြောင်း၊ သက်ဆိုင်သူအားလုံး အေးအေးချမ်းချမ်းနဲ့ အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။