လူကုန်ကူးမှုအဆိုးဝါးဆုံး အဆင့် ၃ နေရာမှာ မြန်မာနိုင်ငံရှိနေ

မြန်မာနိုင်ငံဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အဆိုးဝါးဆုံးနိုင်ငံ အဆင့် ၃ နေရာမှာ ရှိနေကြောင်း အမေရိကန်က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် မိုင်းပေါက်မြို့မှ တရုတ်ငွေလိမ်ဂိုဏ်းတစ်ခုတွင် ရောင်းစားခံရသည့် မြန်မာနိုင်ငံသားများနေထိုင်ရာ အဆောက်အအုံအနီးဝန်းကျင်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

မြန်မာနိုင်ငံဟာ လူကုန်ကူးမှု ပပျောက်ရေးအတွက် သိသာထင်ရှားတဲ့ ကြိုးပမ်း ဆောင်ရွက်မှု မရှိသလို လူကုန်ကူးမှုတိုက်ဖျက်ရေးမှာလည်း ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အဆိုးဝါးဆုံးနိုင်ငံ အဆင့် ၃ နေရာမှာ ရှိနေကြောင်း အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ ၁၈၈ နိုင်ငံက လူကုန်ကူးမှုအခြေအနေတွေကို ဆန်းစစ်လေ့လာထားတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂ဝ၂၃ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

မြန်မာစစ်တပ်ဟာ ကလေးသူငယ်တွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေကို အဓမ္မ လုပ်အားခိုင်းစေတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ သိသာထင်ရှားတဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေ မရှိပေမယ့် လူကုန်ကူးသူတွေကို စုံစမ်းစစ်ဆေးပြီး ပြစ်ဒဏ်ပေးတာတွေ လူကုန်ကူးမှု အသိပညာပေးပွဲ ကျင်းပတာတွေကို စစ်ခေါင်းဆောင်တွေက အစီရင်ခံ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တဲ့ စစ်တပ်အရာရှိ ဒါမှမဟုတ် အစိုးရ အရာရှိတွေအပေါ် အရေးယူဆောင်ရွက်မှုတွေကိုတော့ အစီရင်ခံစာမှာ ဖော်ပြမထားခဲ့ဘူးလို့ ဆိုပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာတဲ့ ပဋိက္ခတွေကြောင့် ထွက်ပြေးရတဲ့သူ ၁ သန်းကျော်ရှိနေပြီး အများစုဟာ လူကုန်ကူးခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org