မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးရေး အာဆီယံပြုစုနေ

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းက မြန်မာနိုင်ငံတစ်ဝန်းလူသားချင်းစာနာမှု အကူအညီပေးဖို့အတွက် လိုအပ်ချက်တွေကို အပြီးသတ်ပြုစုနေပါတယ်။

ရန်ကုန်မြို့ ပုဇွန်တောင်ချောင်းတွင် ဘူးခွံ၊ ပလုံးခွံများ ကောက်ပြီး အသက်မွေးနေသူများ။ AFP

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းက မြန်မာနိုင်ငံတစ်ဝန်းလူသားချင်းစာနာမှု အကူအညီပေးဖို့အတွက် လိုအပ်ချက်တွေကို အပြီးသတ်ပြုစုနေတယ်လို့ ဂျကာတာမြို့ကလာတဲ့ သတင်းတစ်ပုဒ်မှာ မေလ ၆ရက်နေ့က ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့်အပတ် ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ နှစ်ပတ်လည် ထိပ်သီး ညီလာခံမှာ အဲဒီသုံးသပ်ချက်ကို အစီရင်ခံတင်ပြမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ ပထမအဆင့်ကူညီမှုအဖြစ် ဆေးဝါးနဲ့ Covid-19 ကာကွယ်တိုက်ဖျက်ရေး ဆိုင်ရာပစ္စည်းတွေကို ပမာဏတစ်ခုအဖြစ် ပေးပို့ခဲ့ပြီးပြီးလို့လည်း ဆိုပါတယ်။

အခုဒုတိယအဆင့်မှာတော့ စားဝတ်နေရေး အထောက်အကူပစ္စည်းတွေပါဝင်မှာဖြစ်ပြီး အကူအညီလိုအပ်သူဦးရေနဲ့ အဲဒီဒုက္ခသည်တွေ လက်ရှိရောက်ရှိရာဒေသ စသဖြင့် လိုအပ်ချက်တွေကို အသေးစိတ်ပြုစုနေတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် Kao Kim Hourn က CNA သတင်းဌာနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org