ဖက်ဆစ်တော်လှန်ရေးနေ့ မကွေးဒေသခံ တစ်ထောင်နီးပါး တက်ရောက်

ဒီနေ့ ကျရောက်တဲ့ နှစ် ၇ဝ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာမှာကျင်းပခဲ့ရာမှာ လူပေါင်းတစ်ထောင်နီးပါး တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ ကျရောက်တဲ့ နှစ် ၇ဝ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားကို မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာမှာကျင်းပခဲ့ရာမှာ လူပေါင်းတစ်ထောင်နီးပါး တက်ရောက်ခဲ့ပါတယ်။

ပုဏ္ဏားကျေးရွာဟာ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်ဂျပန်ကိုတော်လှန်ဖို့အတွက် စစ်ကြေညာခဲ့တဲ့နေရာဖြစ် တာကြောင့် အခုလို အခမ်းအနားကျင်းပတာဖြစ်တယ်လို့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ကိုနေမျိုးကျော်က ပြောပါတယ်။

"ဒီနေ့ပုဏ္ဏားမှာ ထူးထူးခြားခြားကျင်းပတာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရာပြည့်နှစ်နဲ့တိုက်ဆိုင်နေတယ် ၊ နောက် ဗိုလ်ချုုပ်အောင်ဆန်းကိုယ်တိုင် ဒီဖက်ဆစ်တော်လှန်ရေးမှာ ပုဏ္ဏားရွာလေးမှာစပြီး ဖက်ဆစ် ကိုတော်လှန်ဆန့်ကျင်ဖို့ စတင်စစ်ကြေညာတဲ့နေရာဖြစ်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် အထိမ်းအမှတ်နဲ့ ကျနော်တို့ တွဲရက်သားပူးတွဲပြီးတော့မှ ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားကို ကျင်းပတာဖြစ်ပါတယ်"

အဲ့ဒီကျေးရွာမှာ ဗိုလ်ချုပ်နေထိုင်ခဲ့တဲ့နေအိမ်နဲ့ စစ်ကြေညာခဲ့တဲ့ အထိမ်းအမှတ်ကျောက်တိုင်ရှိတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြို့ခံတွေပူးပေါင်းပြီး ပုဏ္ဏားကျေးရွာမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုထားရှိဖို့အတွက် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

အဲ့ဒီအခမ်းအနားကို မကွေး၊ သရက်၊ မင်းဘူး၊ ငဖဲ၊ နတ်မောက်၊ တောင်တွင်းစတဲ့ မြို့နယ်တွေက မြို့ခံတွေနဲ့ အန်အယ်လ်ဒီပါတီဝင် တစ်ထောင်လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org