NLD ဝေမယ့် ဆန် လူတွေ ရာချီ စောင့်ဆိုင်း
ချင်းပြည်နယ် ကန်ပက်လက် ဒေသမှာ မနှစ်က ကြွက်ကျခဲ့တာကြောင့် သီးနှံတွေ ပျက်စီးပြီး ရိက္ခာ ရှားပါးမူတွေ ဖြစ်ပေါ်ခဲ့တာကြောင့် NLD ပါတီက ဦးစီးပြီး ဆန်ဝေဖို့ စီစဉ်ခဲ့ရာမှာ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဆန်ဝေရေး အဖွဲ့တွေ ကန်ပက်လက်ကို ရောက်ရှိခဲ့ပါတယ်။
-
2011-01-24 -
-
-
NLD က ဦးစီးပြီး ဆန်ဝေမယ်ဆိုတဲ့ သတင်းကြောင့် ကန်ပက်လက်မြို့ အနီး ရွာတွေက လူတွေ ရာနဲ့ချီပြီး ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ကထဲက ကန်ပက်လက်ကို ရောက်လာတယ်လို့ သိရပါတယ်။
ဒါပေမဲ့ မြို့နယ် အာဏာပိုင်တွေက ဆန်ဝေရေးကိစ္စကို အထက်ကို တင်ပြပေးမယ် ဆိုတာကြောင့် ဆန်မဝေနိုင်သေးဘူး။
ချင်းပြည်နယ် အတွင်း ရိက္ခာပြတ်လပ်မှုနဲ့ ပတ်သက်ပြီး ကန်ပက်လက်မြို့ပေါ်ကို တက်လာကြတဲ့ ပတ်ဝန်းကျင် ရွာသူရွာသားတွေကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |