ICC ဆုံးဖြတ်ချက် ကြိုဆိုမှုတွေ ထပ်မံပေါ်ထွက်
2018.09.07

နယ်သာလန်နိုင်ငံ သဟိတ်မြို့ အခြေစိုက် ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ရာဇဝတ်ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Shahidul Haque နဲ့ Balukhali ဒုက္ခသည် စခန်းက ရိုဟင်ဂျာခေါင်းဆောင် Mohammad Khaled တို့က မနေ့က ကြိုဆိုလိုက်ပါတယ်။
ICC က ထင်မြင်ချက်တောင်းလို့ ပေးလိုက်တဲ့အကြောင်းနဲ့ ICC ကိုယ်တိုင် သက်သေအထောက်အထားတချို့ ရှိတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
APHR လို့ခေါ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ မလေးရှား ပါလီမန် အမတ်လည်းဖြစ်တဲ့ Charles Santiago ကလည်း ICC ဆုံးဖြတ်ချက်ဟာ သမိုင်း မှတ်တိုင်တတိုင်ဖြစ်ပါတယ်လို့ ပြောပါတယ်။
ICC ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ဦးတည်ချက်အတွက် ထူးခြားတဲ့ ခြေလှမ်းတလှမ်း ဖြစ်ပါတယ်လို့လည်း AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တောင်အာရှရေးရာ ညွှန်ကြားရေးမှူး Biraj Patnaik ကလည်း ပြောကြားလိုက်ပါတယ်။