မြန်မာကို ICC စစ်ဆေးရေးတင်ဖို့ အခွင့်အလမ်းနည်းပါး

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မြန်မာကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က စုံစမ်းစစ်ဆေးနိုင်ဖို့ ဆိုတာဟာ မြန်မာဘက်မှာ အင်အားကြီးနိုင်ငံတွေ ရှိနေတဲ့အတွက် အလားအလာ အတော်နည်းတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။

ICC နိုင်ငံတကာရာဇဝတ်ခုံရုံးဥက္ကဋ္ဌ တရားသူကြီး Chile Eboe-Osuji နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres တို့ ၂ဝ၁၈ မေလ ၉ ရက်နေ့က တွေ့ဆုံစဉ်။

ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က စုံစမ်းစစ်ဆေးနိုင်ဖို့ ဆိုတာဟာ မြန်မာဘက်မှာ အင်အားကြီးနိုင်ငံတွေ ရှိနေတဲ့အတွက် အလားအလာ အတော်နည်းတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို မနေ့က သွားရောက်ခဲ့တဲ့ မစ္စယန်ဟီးလီက သတင်းထောက်တွေကို အခုလို ပြောလိုက်တာပါ။

ICC လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ လက်ရှိဖွဲ့စည်းပုံအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လွှဲပြောင်းမှသာ စုံစမ်းစစ်ဆေးနိုင်မယ်လို့ မစ္စယန်ဟီးလီက ပြောပါတယ်။

မြန်မာဘက်က ရပ်တည်နေတဲ့ “အင်အားကြီးနိုင်ငံတွေ” ဆိုတာ ဘယ်နိုင်ငံတွေလဲလို့တော့ သူက အမည်တပ် မပြောပါဘူး။ ဒါပေမယ့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေ ဖြစ်တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ မြန်မာဘက်ကနေ တောက်လျှောက် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ကျန်နေတဲ့ ရိုဟင်ဂျာတွေအပေါ် အစီအစဉ်ရှိရှိ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ဆက်ပြီး ဖြစ်ပွားနေတယ်လို့လည်း မစ္စယန်ဟီးလီက သတင်းထောက်တွေကို ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုန်း သုတ်သင်ရှင်းလင်းတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့... သူတို့ဟာ အာဆာ အကြမ်းဖက်အဖွဲကို နှိမ်နင်းတာသာ ဖြစ်တယ်ဆိုပြီး မြန်မာအာဏာပိုင်တွေဘက်က တုံ့ပြန်လေ့ရှိတယ်လို့ ပြည်ပသတင်းတွေမှာ ရေးကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org