ICG အဖွဲ့က သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ချီးမြှင့်

International Crisis Group (ICG) ခေါ် နိုင်ငံတ ကာ ပဋိပက္ခလေ့လာရေးအဖွဲ့က သမ္မတ ဦးသိန်းစိန် ကို ၂၀၁၃ ခုနှစ် အတွက် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ(ပ်)တွင်ကျင်းပသည့် အမေရိကန်-အာဆီယံ စီးပွားရေး ဖိုရမ်တွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ်။ AFP

ICG ရဲ့ In Pursuit of Peace award dinner ခေါ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲ နဲ့ ညစာစားပွဲဟာ လူသိန်းပေါင်း များစွာရဲ့ဘဝတွေကို အသွင်ပြောင်းစေတဲ့  အမြင်ကျယ်တဲ့ ခေါင်းဆောင်မှု နဲ့ ပဋ္ဋိပက္ခတွေ ပြီးဆုံးရေး ဆောင်ရွက်ပေးတဲ့ အစိုးရ၊ သံရေးတမန်ရေး နဲ့ ပြည်သူ့ရေးရာမူဝါဒ ဆိုင်ရာ အဓိက ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့ ဆုဖြစ်ကြောင်း ICG ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီဆု ကို မြန်မာနိုင်ငံက ဦးသိန်းစိန် နဲ့ ဘရာဇီးနိုင်ငံက သမ္မတဟောင်း မစ္စတာ Lula Silva တို့ကို ပူးတွဲချီးမြှင့်ခဲ့ တာ ဖြစ်ပါတယ်။

ICG အဖွဲ့ နာယက Thomas R. Pickering က -

“အခုလို ကမ္ဘာကြီးရဲ့ နေရာအတော်များများ မှားယွင်းတဲ့ လမ်းကြောင်းကို ဦးတည်နေပုံရတဲ့ အချိန်မျိုး မှာ မြန်မာနိုင်ငံ နဲ့ ဘရာဇီးနိုင်ငံ သမ္မတတွေဟာ သူတို့ ပြည်သူ တွေ ပိုမို ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ရောက်ရှိဖို့ ဆောင်ရွက်ခဲ့ကြပါတယ်၊ သမ္မတ ဦးသိန်းစိန်ရော သမ္မတ Lula ရော ဒီဆုနဲ့ ထိုက်တန်ပါတယ်။ ဒီလို ဂုဏ်ပြုရတဲ့အတွက် မြန်မာနဲ့ ဘရာဇီးတို့အတွက် ရှေ့ဆက်မယ့် အရေးကြီးတဲ့ ခြေလှမ်းတွေ ဆက်လက်လျှောက်လှမ်းဖို့  အထောက်အကူ ဖြစ်ပါမယ်။ အပယ်ခံနှစ်ကာလ တွေ ကနေ ဒေသတွင်းနဲ့ နိုင်ငံတကာ ဆက်ဆံရေး မြှင့်တင်ရာမှာ အားပေးသလို ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရသစ်ဟာ  ဒီနေ့အထိ ဆောင်ရွက်လာတဲ့ နိုင်ငံရေးဖြေလျှော့မှုတွေအပြင် လတ်တလော ရခိုင်ပြည်နယ်ပြဿနာ၊ ကချင်ပြည်နယ် ကိစ္စ စတဲ့ ဆက်လက်ဖြေရှင်းစရာတွေရှိေျနသေးတယ်လို့ ICG ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ဆုချီးမြှင့်ပွဲကို ၂၀၁၃ခုနှစ် ဧပြီလ (၁၁)ရက်နေ့ အမေရကိန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

(၈) နှစ် ကြာလာခဲ့ပြီ ဖြစ်တဲ့ ICG ရဲ့ ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံခဲ့ရသူတွေထဲမှာ အမေရိကန် သမ္မတတွေ
ဖြစ်ကြတဲ့ Cliton နှင့် George W. Bush ၊ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် Martti Ahtisaari ၊ Ellen Johnson Sirleaf နဲ့ အလှူရှင် သူဌေးကြီး George Soros တို့ ပါဝင်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org