ICJ ဆုံးဖြတ်ချက်လိုက်နာဖို့ စစ်ကောင်စီကို Fortify Rights အဖွဲ့တောင်းဆို
မြန်မာစစ်ကောင်စီကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တခြားအရပ်သားပြည်သူတွေအပေါ် လူမဆန်ရက်စက်စွာ ချေမှုန်းမှုတွေကို ရပ်ဆိုင်းဖို့နဲ့ ICJ နိုင်ငံတကာတရားရုံးက ၂ဝ၂ဝ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အရေးယူဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
- 2023-04-14
-
-
-
Fortify Rights လူ့အခွင့်အရေးအဖွဲ့က မြန်မာစစ်ကောင်စီကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တခြားအရပ်သားပြည်သူတွေအပေါ် လူမဆန်ရက်စက်စွာ ချေမှုန်းမှုတွေကို ရပ်ဆိုင်းဖို့နဲ့ ICJ နိုင်ငံတကာတရားရုံးက ၂ဝ၂ဝ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အရေးယူဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ ဧပြီလ ၁၄ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်ကောင်စီက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံထားနေရတာနဲ့ပတ်သက်လို့ ICJ က ဆုံးဖြတ်ထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ရမယ့်ကာလကို တိုးမြှင့်ပေးဖို့ စစ်ကောင်စီက မေတ္တာရပ်ခံခဲ့တာကို ICJ က ပယ်ချလိုက်ပါတယ်။
အခုလို ICJ က ဆုံးဖြတ်လိုက်တာဟာ စစ်ကောင်စီအတွက် နောက်ထပ်ရှုံးနိမ့်မှုတစ်ခုဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthews Smith က ပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီအနေနဲ့ တင်ပြရမယ့် နောက်ဆုံးရက်ကို ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ရက်တိုးမြှင့်ပေးဖို့ စစ်ကောင်စီက အခုနှစ် မတ်လ ၁၄ ရက်နေ့က တင်ပြခဲ့တယ်လို့ သိရပါတယ်။ အဲဒီတင်ပြချက်ကို ICJ က ဧပြီလ ၆ ရက်နေ့က ပယ်ချခဲ့တဲ့အကြောင်း ဒီကနေ့ တရားဝင် ထုတ်ပြန်ပါတယ်။