ICJ အမှု ကြားနာပွဲ စစ်ကောင်စီခုခံချေပမည်

မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုကို လာမဲ့ ဖေ‌ဖော်ဝါရီလ ၂၁ ရက်နေ့ ကြားနာဖို့ရှိတယ်လို့ ဂမ်ဘီယာရှေ့နေချုပ် General Dawda Jallow ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ပုဒ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့က ဖော်ပြထားပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ၂ဝ၁၉ ဒီဇင်ဘာလ ၁ဝ ရက်နေ့က ပြုလုပ်သော မြန်မာ့အရေး ကြားနာပွဲ။ Photo: AFP

 မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုကို လာမဲ့ ဖေ‌ဖော်ဝါရီလ ၂၁ ရက်နေ့ ကြားနာဖို့ရှိတယ်လို့ ဂမ်ဘီယာရှေ့နေချုပ် General Dawda Jallow ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ပုဒ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့က ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ် ပထမအကြိမ်ကြားနာမှုမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ဦးဆောင်ချေပခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေရာမှာ တရားဝင် လူစားထိုးပြောင်းလဲထားပြီးပြီလို့ ဂမ်ဘီယာရှေ့နေချုပ်က ပြောပါတယ်။

အခုတစ်ကြိမ် တရားရင်ဆိုင်မှုဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် စစ်ကောင်စီရင်ဆိုင်ရမဲ့ ကြားနာစစ်ဆေးမှု ဖြစ်ပါတယ်။

ICJ အမှုကိုရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းထားတဲ့ ကော်မတီကို စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဥက္ကဋ္ဌအဖြစ် အစားထိုးပြီး၂၀၂၁ ဇွန်လအတွင်းက ပြင်ဆင်ဖွဲ့စည်းလိုက်တာပါ။

လက်ရှိအချိန်ဟာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ အချိန်မို့ လာမဲ့ ဖေဖော်ဝါရီလ နယ်သာလန်နိုင်ငံ The Hague မြို့မှာ အမှုကြားနာတဲ့အခါ တချို့က တရားရုံးကို လူကိုယ်တိုင်တက်ရောက်ပြီး တချို့ကတော့ အွန်လိုင်းဗီဒီယိုကတစ်ဆင့် တက်ရောက်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org