ICJ နဲ့ ILAM ပူးပေါင်းဖို့ ဆုံးဖြတ်


2017.12.02
icj-ilam-622 နိုင်ငံတကာဥပဒေရေးရာ ကော်မရှင် ICJ အဖွဲ့နဲ့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း ILAM တို့ ဒီဇင်ဘာလ ၂ ရက်နေ့က နေပြည်တော် Horizon ဟိုတယ်မှာ တွေ့ဆုံစဉ်
Photo: Daw Khin Moe Moe

မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို နိုင်ငံတကာဥပဒေရေးရာ ကော်မရှင် ICJ အဖွဲ့နဲ့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း ILAM တို့ ပူးပေါင်းလုပ်ဆောင်ဖို့ ဒီကနေ့ ဆုံးဖြတ်လိုက် ပါတယ်။

နေပြည်တော် Horizon ဟိုတယ်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများ အသင်းရဲ့ ဗဟိုကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာလို့ အသင်းရဲ့ ပြန်ကြားရေးတာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကို က ပြောပါတယ်။

"တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ ပူးပေါင်းလုပ်ဖို့၊ သူတို့ရဲ့ အကူအညီယူဖို့ ၊ ICJ က နိုင်ငံတကာမှာ ရုံးတွေရှိတယ်၊ မြန်မာပြည်အတွက်ကျတော့ ဒိန်းမတ်နိုင်ငံအစိုးရကနေပြီးတော့ ဒိန်းမတ် - မြန်မာ ပရိုဂရမ်ကြီးတစ်ခုလုံးကို အကောင်အထည်ဖော်ခွင့်ပေးထားတာပေါ့"

လာမယ့် ဒီဇင်ဘာလ ၄ ရက်နေ့မှာ ရန်ကုန်မြို့က ဒိန်းမတ်နိုင်ငံသံရုံးမှာ ICJ နဲ့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေ များအသင်းတို့ သဘောတူလက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။