ICJ နဲ့ ILAM ပူးပေါင်းဖို့ ဆုံးဖြတ်
မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို နိုင်ငံတကာ ဥပဒေရေးရာကော်မရှင် ICJ အဖွဲ့နဲ့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း ILAM တို့ ပူးပေါင်းလုပ်ဆောင်ဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
-
2017-12-02 -
-
-
မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို နိုင်ငံတကာဥပဒေရေးရာ ကော်မရှင် ICJ အဖွဲ့နဲ့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း ILAM တို့ ပူးပေါင်းလုပ်ဆောင်ဖို့ ဒီကနေ့ ဆုံးဖြတ်လိုက် ပါတယ်။
နေပြည်တော် Horizon ဟိုတယ်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများ အသင်းရဲ့ ဗဟိုကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာလို့ အသင်းရဲ့ ပြန်ကြားရေးတာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကို က ပြောပါတယ်။
"တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ ပူးပေါင်းလုပ်ဖို့၊ သူတို့ရဲ့ အကူအညီယူဖို့ ၊ ICJ က နိုင်ငံတကာမှာ ရုံးတွေရှိတယ်၊ မြန်မာပြည်အတွက်ကျတော့ ဒိန်းမတ်နိုင်ငံအစိုးရကနေပြီးတော့ ဒိန်းမတ် - မြန်မာ ပရိုဂရမ်ကြီးတစ်ခုလုံးကို အကောင်အထည်ဖော်ခွင့်ပေးထားတာပေါ့"
လာမယ့် ဒီဇင်ဘာလ ၄ ရက်နေ့မှာ ရန်ကုန်မြို့က ဒိန်းမတ်နိုင်ငံသံရုံးမှာ ICJ နဲ့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေ များအသင်းတို့ သဘောတူလက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။