ICRC က မြန်မာရဲတပ်ဖွဲ့ကို သင်တန်းပေး

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လိုက်နာစောင့် ထိန်းရမယ့် နိုင်ငံတကာ စံနှုန်းကျင့်ဝတ် ဆိုင်ရာ သင်တန်းတစ်ရပ်ကို ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က လေးရက်ကြာ သင်တန်းပို့ချနေပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လိုက်နာစောင့်ထိန်းရမယ့် နိုင်ငံတကာ စံနှုန်းကျင့်ဝတ်ဆိုင်ရာ သင်တန်းတစ်ရပ်ကို ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က လေးရက်ကြာ သင်တန်းပို့ချနေပါတယ်။

အခုလို ICRC နဲ့ မြန်မာအစိုးရကြား လူသားချင်းစာနာမှုလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပူးတွဲဆောင်ရွက်နိုင်တာဟာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ICRC က ပြောပါတယ်။

လုံခြုံရေးဆိုင်ရာကိစ္စတွေ၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှုတွေကို နိုင်ငံတကာစံနှုန်းအတိုင်းဖြစ်အောင် သင်တန်းပေးဆွေးနွေးနေတယ်လို့ဆိုပါတယ်။

စက်တင်ဘာလ ၁ဝ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပနေတဲ့သင်တန်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရာရှိကြီးတွေ ၊ ပြည်နယ်နဲ့ တိုင်းအသီးသီးက ရဲအရာရှိတွေ စုစုပေါင်း ၂၃  ယောက် တက်ရောက်နေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org