၃ လအတွင်း ကရင်အမျိုးသား ညီလာခံ ခေါ်ပေးဖို့ IKO တောင်းဆို

KNU ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ၃ လအတွင်း ပြည်တွင်းပြည်ပရှိ ကရင် အမျိုးသားတွေပါဝင်တဲ့ ကရင်အမျိုးသားညီလာခံတစ်ခု ခေါ် ယူပေးဖို့ နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး IKO က နိုဝင်ဘာလ ၇ ရက်နေ့နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံးရဲ့ ၁၅ ကြိမ်မြောက် ညီလာခံ ကျင်းပနေစဉ် Photo:Karen Information Centre

KNU ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ၃ လအတွင်း ပြည်တွင်းပြည်ပရှိ ကရင်အမျိုး သားတွေပါဝင်တဲ့ ကရင်အမျိုးသားညီလာခံ တစ်ခု ခေါ်ယူပေးဖို့ နိုင်ငံတကာ ကရင်အမျိုးသား အစည်းအရုံး IKO က နိုဝင်ဘာလ ၇ ရက်နေ့နေ့ စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ကျင်းပပြီးစီးသွားတဲ့ ၁၅ ကြိမ်မြောက် KNU ကွန်ဂရက် မှာ ဆုံးဖြတ်ချက်ချပြီးဖြစ်တဲ့ ကော်သူးလေ တပ်မတော် KAF ဖွဲ့စည်းရေးကို နောက်လာမယ့် ကွန်ဂရက်မှာမှ အကောင် အထည်အဖေါ်ဖို့ဆုံးဖြတ်ခဲ့တာနဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ ကနေ KNU အဖွဲ့ယာယီနှှုတ်ထွက်တဲ့ကိစ္စတွေ ညှိနှိှုင်းမှှုတွေလုပ်သွားမယ်ဖို့ ဆုံးဖြတ်တာတွေကြောင့် အရေးကြီးနေတဲ့ ခုလိုအချိန် မှာမလိုအပ်ပဲ အချိန်ဆွဲနေတာ မဖြစ်စေဖို့ ခုလိုတောင်းဆိုရခြင်းတာဖြစ်တယ်လို့ IKO အဖွဲ့ကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး IKO အဖွဲ့ပြန်ကြားရေးတာဝန်ခံ မန်းအိုလန်ဒိုးက ခုလိုပြောပါတယ်။

"တပ်ပေါင်းစုနဲ့ အောင်ပွဲခံရေးဆိုတဲ့ KNU ရဲ့တသမတ်တည်းသဘောထားကို ယာယီရပ်တန့်ပြီးတော့ KNU ကွန်ဂရက် ၁၆ ကြိမ်မြောက်အထိ ၂၀၁၆ ခုနှစ်မှပဲ ပြန်ဆုံးဖြတ်ဆွေးနွေးမယ်ဆိုတဲ့ ကိစ္စဟာ  ဒီ ၁၆ မတိုင်ခင်မှာ ကျနော်တို့စိုးရိမ်တာက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဖြစ်သလိုလက်မှတ်ထိုး ပြီးတော့ ၂၀၀၈ ဥပဒေအောက်မှာ အားလုံးဝင်သွားကြပြီးတော့ လည်စင်းခံသွားတဲ့ ကျားနာ မျိုးဖြစ်သွားမှာ ကျနော်တို့ စိုးရိမ်တယ်၊ အဲ့ဒါကြောင့်အချိန်ဆွဲတာကို မဆွဲပါနဲ့ဆိုပြီၤးတော့ ကျနော်တို့ အဲ့ဒါကိုပြောတာပါ"

လက်ရှိအခြေအနေအရ ပြည်တွင်းပြည်ပ နိုင်ငံရေးလှှိုင်းဂရက်များ အပြောင်းအလဲမှာ KNU အနေနဲ့ မိမိရဲ့စစ်ရေး၊ နိုင်ငံရေးအနေအထားများမှာ တည်ငြိမ်စွာထိန်းသိမ်းဦးဆောင်ဖို့ လိုအပ်တယ်လို့ IKO အနေနဲ့ ယုံကြည်တယ်လို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့်  ပိုမိုနက်ရှှိုင်းသော သုံးသပ်မှုတွေနဲ့ တိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေအတွက် ကရင်အမျိုးသား ညီလာခံတစ်ခုကို အမြန်ဆုံးခေါ်ယူပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ကြေညာချက်မှာ ဆက်လက်ဖော်ပြ ထားပါတယ်။ IKO အဖွဲ့ဟာ နိုင်ငံပေါင်း ၃ဝ ကျော်မှာရှိတဲ့ ကရင်အမျိုးသား အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်း ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

အဖွဲ့ရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး အဖွဲ့ပြန်ကြားရေးတာဝန်ခံ မန်းအိုလန်ဒိုးကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org