တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း IKO သတိပေး

NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းဟာ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေအတွက် လက်နက် စွန့်ရုံကလွဲလို့ အခွင့်အရေးတွေ မရရှိနိုင်တာကြောင့် စာချုပ် ကို လက်မှတ်မထိုးခင် အလေးအနက် စဉ်းစားဆောင်ရွက် ကြဖို့ IKO လို့ ခေါ်တဲ့ နိုင်ငံတကာ ကရင်အမျိုးသား အစည်း အရုံးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို သတိပေးတိုက်တွန်းလိုက်ပါတယ်။

ှ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ ချင်းမိုင်မြို့ UNFC ညီလာခံမှာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ကို တွေ့ရစဉ် Photo:Aung Moe Myint/RFA

NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် လက်နက်စွန့်ရုံကလွဲလို့ အခွင့်အရေးတွေ မရရှိနိုင်တာကြောင့် စာချုပ်ကို လက်မှတ်မထိုးခင် အလေးအနက် စဉ်းစားဆောင်ရွက်ကြဖို့ IKO လို့ ခေါ်တဲ့ နိုင်ငံတကာ ကရင်အမျိုးသား အစည်းအရုံးက တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေကို သတိပေးတိုက်တွန်းလိုက်ပါတယ်။

NCA မူကြမ်းထဲမှာပါတဲ့ တပ်ပိုင်းဆိုင်ရာ စည်းကမ်းချက်တွေ၊ တပ်မတော်နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးမူဝါဒတွေကို ပါ ထောက်ပြထားတဲ့ အကြံပြုချက်စာတစ်စောင်ကို တိုင်းရင်းသားလက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီထံ ပေးပို့လိုက်တာလို့ IKO အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒို မန်းအော်လန်းဒိုးက ပြောပါတယ်။

"အဓိကလိုက်နာရမယ့်စည်းကမ်းနဲ့ တပ်နေရာချထားရေးကို ဟိုးနိုင်ငံရေးဆွေးနွေးပွဲမှာ သွားပြီးတော့ချထား လိုက်တယ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချပ်ရဲ့ အချက် ၆ ချက်လည်း ရှိနေဆဲဖြစ်တယ်၊ ၂ဝဝ၈ ဥပဒေ ကလည်း ရှိနေဆဲရှိတယ်ဆိုတော့ လက်မှတ်ထိုးမယ်ဆိုရင် ဥပဒေဘောင်တွင်းဝင်ပြီးတော့ တည်ဆဲဥပဒေကို လိုက်နာပြီးတော့ တပ်မတော်ရဲ့ ဒို့တာဝန်အရေး ၃ ပါး လုပ်ကိုင်စရာတွေကို အနှောက်အယှက် အဟန့်အတား မပေးရဘူးဆိုတဲ့ ဒီစည်းကမ်းချက်တွေကို ပြန်ကြည့်လိုက်ရင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းတွေနဲ့က ဘာမှလုပ်နိုင်ခွင့်မရှိတော့ဘူးလေ၊ ဒီဟာက ဟိုးတုန်းက အဆက်ဆက်သော အစိုးရအဖွဲ့တွေ ရဲ့ တိုင်းရင်းသားတွေကိုအမျိုးမျိုး စကားလုံးသုံးပြီးတော့သုံးခဲ့သလို လက်နက်ချပါ၊ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲပါ၊ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ပြီးတော့ ဥပဒေဘောင်ထဲဝင်ပါ၊ အခုတော့ ၂ဝဝ၈ ဥပဒေဘောင်ထဲကို ဝင်ဖို့ ခေါ်နေတာပဲဖြစ်တဲ့အတွက်ကြောင့် ဒီဟာကိုစဉ်းစဉ်းစားစားနဲ့ ဆုံးဖြတ်ကြပါလို့ ခေါင်းဆောင်တွေကို ကျနော်တို့ ဒါမေတ္တာရပ်ခံတဲ့သဘောပါပဲ"

IKO နိုင်ငံတကာ ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ အဲ့ဒီအကြံပြုစာကို UNFC အဖွဲ့ထံ အခုလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ရေးသားပေးပို့လိုက်တာဖြစ်ပြီး၊ ကရင်ပြည်နယ် လေးဝါးဒေသမှာ မကြာခင်ပြုလုပ်မယ့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံမှာ အဲ့ဒီအချက်တွေကို လက်ခံစဉ်းစားဖို့ မျှော်လင့်ထား တယ်လို့လည်း သြစတြေးလျနိုင်ငံမှာ နေထိုင်တဲ့ IKO အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒို မန်းအော်လန်းဒိုး က ပြောပါတယ်။

ဖဒို မန်းအော်လန်းဒိုးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org