ဖားကန့်မှာ တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေ ပိုများလာ

ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလောက်ကနေ စတင်တွေ့ရှိလာရတဲ့ တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေဟာ အခုရက်ပိုင်း အတွင်းမှာဆိုရင် စက်ယန္တရားအသုံးပြု တူးဖော်တာတွေ ပိုများလာတယ်လို့ ဒေသခံ တွေက RFA ကို ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့ကို တွေ့ရစဉ် Photo: CJ

ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလောက်ကနေ စတင်တွေ့ရှိလာရတဲ့ တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေဟာ အခုရက်ပိုင်းအတွင်းမှာဆိုရင် စက်ယန္တရားအသုံးပြု တူးဖော် တာတွေ ပိုများလာတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

“အရင်လတွေကထက် အခုတလောက ပိုများလာတယ်။ စက်ယန္တရားတွေလည်း ပိုများလာတယ်။ ရေးမဆေးသမားတွေကလည်း ရေကမ်းစပ်နား မြေဇာတွေ ပစ်တဲ့နေရာတွေထိ ကျောက်တွေ လိုက်ကောက်ကြတယ်”လို့ ဖားကန့် ဒေသခံတစ်ဦးက ပြောပါတယ်။

တရားမဝင် ကျောက်စိမ်းတူးဖော်မှုကို ညအချိန်တွေမှာ အဓိကတူးကြတာဖြစ်ပေမယ့် အချို့နေရာတွေမှာတော့ နေ့ဘက်အချိန်တွေမှာပါ တူးဖော်နေကြတာ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

ဖားကန့်မြို့ ဖားပြင်၊ မန နဲ့ နန့်မော် ဘက်တွေမှာ တူးဖော်နေကြတာ ပိုများတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပြန့်ပွားလာချိန် ၂၀၁၉ ခုနှစ်ကတည်းက ဖားကန့်မှာ တရားဝင် ကျောက်တူးဖော်မှုတွေကို NLD အစိုးရလက်ထက်က ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org