တရုတ်မြန်မာနယ်စပ်မှာ သစ်တန်ချိန် ၈၀၀ ဖမ်းမိ

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူး မြို့နယ် တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၃၁ အနီးမှာ အခုလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ သုံးရက်အတွင်း တရားမဝင် သစ်တန်ချိန် ရှစ်ရာနီးပါးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာအရှေ့ဘက် ၃ မိုင်လောက်မှာရှိတဲ့ အင်ကြင်းတောင်မှာ စက်ယန္တရားတွေနဲ့ တရုတ်နိုင်ငံသားတွေ တရားမဝင် သစ်ခုတ် ယူနေစဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၃၁ အနီးမှာ အခုလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ သုံးရက်အတွင်း တရားမဝင် သစ်တန်ချိန် ရှစ်ရာနီးပါးကို ဖမ်းဆီးရမိခဲ့ပါတယ်။


လမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့ အဲဒီဒေသဘက်မှာ အခုလိုဖမ်းဆီးရမိတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ပူတာအိုခရိုင် ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူး မြင့်ထွန်းဦးက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့နေရာဟာ ခေါင်လန်ဖူးမြို့ရဲ့ အရှေ့မြောက်ဘက် ၆၅ မိုင်အကွာ ဇီးထန်နဲ့ ထမယ် ကျေးရွာတွေနား တဝိုက်မှာဖြစ်ပြီး ပါဝင်ပတ်သက်သူတွေကို စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက တရုတ်-မြန်မာနယ်စပ် ခေါင်လန်ဖူး မြို့နယ်ထဲမှာ တရားမဝင် သစ်တွေခိုးထုတ်နေတာ၊ ယာဉ်ဝင်ထွက်သွားလာနေတာတွေ နဲ့ပတ်သက်ပြီး လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နှစ်ဆန်းပိုင်းက ဝိုင်းမော်မြို့နယ်အတွင်းမှာ တရားမဝင် သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား အယောက်တစ်ရာကျော်ကို မူးယစ်ဆေးဝါးနဲ့ သစ်ခိုးထုတ်ရာမှာ အသုံးပြုတဲ့ ယာဉ်ယန္တရားတွေနဲ့အတူ အစိုးရတပ်မတော်က ဖမ်းဆီးရမိခဲ့ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org