ရွာငံမှာ တရားမဝင်သတ္တုတူးဖော်နေလို့ ဒေသခံတွေကန့်ကွက်

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် အင်ကြင်းရေနယ်နိမိတ်အတွင်း တရားမဝင် သတ္တုတူးဖော်နေတဲ့ ကုမ္ပဏီ နှစ်ခုရှိနေပြီး ဒေသခံတွေက ကန့်ကွက်နေတဲ့အတွက် နေပြည်တော် အထူးအဖွဲ့က စုံစမ်းစစ် ဆေးနေပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် အင်ကြင်းရေနယ်နိမိတ်အတွင်းမှာ တရားမဝင် သတ္တုတူးဖော်နေတဲ့ GPS ကုမ္ပဏီလုပ်ကွက်ကို တွေ့ရစဉ် Photo: Aung Soemin - facebook

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် အင်ကြင်းရေနယ်နိမိတ်အတွင်း တရားမဝင် သတ္တုတူးဖော်နေတဲ့ ကုမ္ပဏီ နှစ်ခုရှိနေပြီး ဒေသခံတွေက ကန့်ကွက်နေတဲ့အတွက် နေပြည်တော် အထူးအဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

GPS ကုမ္ပဏီက အသေးစားထုတ်လုပ်မှုအတွက် ခွင့်ပြုမိန့် မကျသေးခင်မှာ တူးဖော်နေပြီး ဟာဗယ်စတား ကုမ္ပဏီ က ပြီးခဲ့တဲ့ မေလမှာ သက်တမ်းကုန်ဆုံးသွားခဲ့ပေမယ့် ဆက်လက်လုပ်ကိုင်နေတာဖြစ်ကြောင်း ရွာငံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ပြောပါ တယ်။

ကျေးရွာဒေသခံတွေက စိုက်ကွင်းတွေ ပျက်စီးတဲ့ကိစ္စ၊ သောက်သုံးရေတဲ့ ညစ်ညမ်းတဲ့ကိစ္စနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မကျေနပ်ကြတာဖြစ်တယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့က ကွင်းဆင်းစစ်ဆေးရာမှာ တူးဖော်နေတဲ့ ကုမ္ပဏီတွေရဲ့ စက်ယန္တရားတွေ၊ ယာယီတဲတွေကို သိမ်းဆည်းဖို့ ညွှန်ကြားခဲ့ပြီး ကုမ္ပဏီကို တစ်စုံတရာ အရေးယူတာမျိုး မရှိတဲ့အတွက် ဒေသခံတွေက မကျေမနပ် ဖြစ်နေကြပါတယ်။

ရွာငံမြို့နယ်မှာ ကျေးရွာ ပေါင်း ၁၂၅ ရွာရှိပြီး ခဲသတ္တုတူးဖော်လုပ်ငန်းတွေ အများဆုံးလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org