လွတ်လာတဲ့ အလုပ်သမားရေး ဆောင်ရွက်သူတွေကို ILO အရာရှိချုပ် တွေ့ဆုံ
မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာတဲ့ အလုပ်သမားအရေး ဆောင်ရွက်သူ တွေကို ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Guy Ryder နဲ့ ရန်ကုန်မြို့ ILO ရုံးတာဝန်ခံ Steve Marshall တို့က ခေါ်ယူတွေ့ဆုံ ခဲ့ပါတယ်။
-
2012-01-29 -
-
-
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် ဂေးရိုက်ဒါ ရဲ့ ၄ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို လာရောက်တွေ့ဆုံခဲ့သည်။
AFP
အဲဒီ အလုပ်သမားအရေး ဆောင်ရွက်သူတွေကတော့ ကိုကျော်ကျော်၊ ကိုညီညီဇော်၊ ကိုသူရိန်အောင်၊ ကိုဝေလင်း၊ ကိုကျော်မင်း၊ ကိုမျိုးမင်းတို့ဖြစ်ကြပြီး၊ သူတို့ဟာ ၂၀၀၇ ခုနှစ် မေလက ရန်ကုန်မြို့ အမေရိကန်စင်တာမှာ မေဒေးနေ့ဟောပြောပွဲ ကျင်းပတဲ့ကိစ္စနဲ့ပတ်သက်လို့ ထောင်အနှစ် ၂၀ စီ ချမှတ်ခံခဲ့ရတာ ဖြစ်ပါ တယ်။
သူတို့ကို ILO ရုံးက ကျန်းမာရေးစစ်ဆေးရာမှာ အကူအညီပေးတယ်လို့ သွားရောက်တွေ့ဆုံခဲ့သူတဦးဖြစ်တဲ့ ကိုကျော်ကျော်က ပြောပါတယ်။
သူတို့အဖွဲ့အနေနဲ့ အလုပ်သမားသမဂ္ဂတွေပေါ်ပေါက်ရေးနဲ့အလုပ်သမားအခွင့်အရေးတွေ နားလည်အောင် ILO အကူအညီနဲ့ ပညာပေးဆွေးနွေးပွဲတွေဆောင်ရွက်ဖို့အစီအစဉ်ရှိတယ်လို့ လည်း ပြောပါတယ်။