နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့IMF မြန်မာအစိုးရကို ကူညီမည်

မြန်မာနိုင်ငံ နိုင်ငံခြားငွေလဲနှုန်း စနစ် တမျိုးတည်း သတ်မှတ်နိုင်ရေး ကူညီဖို့နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကိုယ်စားလှယ် တွေဟာ မြန်မာနိုင်ငံကို အောက်တိုဘာလ ဒုတိယပတ် အတွင်း ရောက်ရှိမယ် လို့ IMF ရဲ့ ပြောရေး ဆိုခွင့် ရှိသူ မစ္စက် Gita Bhatt က မနေ့က ပြောလိုက် ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေ လဲနှုန်းစနစ်ကို ခေတ်နဲ့အညီ ပြုပြင် ပြောင်းလဲနိုင်ဖို့ မြန်မာအစိုးရက မိမိတို့ထံ အကူအညီ တောင်းခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံအပေါ် ဘဏ်လုပ်ငန်း ဆိုင်ရာ တားမြစ်ချက်တွေကိုလည်း ဖယ်ရှားသွားဖို့ ရှိတယ်လို့IMF ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံခြားငွေလဲနှုန်းက အမျိုးမျိုးဖြစ်နေပြီး သက်ဆိုင်ရာ လုပ်ငန်းအလိုက် လဲလှယ်ကြရတဲ့ ငွေကြေးနှုန်းထားတွေ မတူဘူးလို့ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အစိုးရသစ်ဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးတဲ့ စနစ်ဖြစ်လာဖို့ ကတိပေးထားတယ်လို့ သိရပါတယ်။

IMF ရဲ့ ၂၀၀၈ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ မတူကွဲပြားတဲ့ ငွေလဲနှုန်းတွေကို တမျိုးတည်း သတ်မှတ်လိုက်ခြင်း အားဖြင့် တိုင်းပြည် အတွက် စီးပွားရေး ကောင်းလာဖို့အထောက်အကူ ဖြစ်လိမ့်မယ်လို့ အကြံပြု ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org