စစ်မှုမထမ်းမနေရ ဥပဒေ အကျိုးသက်ရောက်မှု သုံးသပ်ဝေဖန်
စစ်အစိုးရက အသက် ၁၈ နှစ်ပြည့်ပြီးသူ ကျား မ မရွေး စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ စစ်အစိုးရဟာ တပ်သားသစ် အင်အား နည်းနေတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက် အခုလို ဥပဒေပြဌာန်းပြီး တပ်သားသစ် စုဆောင်းဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။
-
2011-01-10 -
-
-
Your browser doesn’t support HTML5 audio
စစ်တပ်အတွင်း ဖိနှိပ်မှုတွေ ရှိနေမှု၊ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အခုလို ဥပဒေပြဌာန်းလိုက်ပေမဲ့ လက်တွေ့မှာ အသက် ၁၈ နှစ် ပြည့်ပြီးသူတွေဟာ စစ်တပ်ထဲ မဝင်လိုပဲ ပြည်ပနိုင်ငံတွေမှာသာ သွားရောက် အလုပ်လုပ်လာသူတွေလည်း များလာနိုင်ကြောင်းလည်း ပြောတာတွေ ရှိပါတယ်။
ဒီဇင်ဘာလ ၁၇ ရက် ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေရဲ့ သက်ရောက်မှု ဘယ်လောက် ရှိနိုင်မလဲဆိုတာကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်က စုစည်း တင်ပြထားပါတယ်။
စုစည်းတင်ပြချက် |
|
အသံဖိုင်ယူရန် |
စစ်အစိုးရကျင့်သုံးမဲ့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ စနစ်ကြောင့် မြန်မာပြည်သူတွေရဲ့ ဘဝတွေကို ဆိုးကျိုးအဖြစ် ဘယ်လောက်ထိ ရိုက်ခတ်မှု ရှိနိုင်မလဲဆိုတာ ဒေသတွင်းမှာ အလားတူ မူဝါဒမျိုး ချမှတ်ကျင့်သုံးနေတဲ့ တောင်ကိုရီးယားနိုင်ငံက အခြေအနေတချို့နဲ့ နှိုင်းယှဉ်ပြီး RFA အဖွဲ့သား ကိုကျော်ကျော်အောင်က စုစည်းတင်ပြထားပါတယ်။
စုစည်းတင်ပြချက် |
|
အသံဖိုင်ယူရန် |