စစ်တွေမြို့မှာ လုံခြုံရေး တိုးမြှင့်

ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေအရ စစ်တွေအပါအဝင် မြို့နယ်အနှံ့မှာ လုံခြုံရေးကို နှစ်ဆလောက် တိုးမြှင့်ဆောင် ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

စစ်တွေမြို့မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ၂၀၁၇၊ အောက်တိုဘာလ ၉ ရက်နေ့ညက တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့သတင်းတွေအရ စစ်တွေအပါအဝင် မြို့နယ်အနှံ့မှာ လုံခြုံရေးကို နှစ်ဆလောက် တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြည်သူတွေ မထိခိုက်အောင် လုံခြုံရေးကို အလေးထားဆောင်ရွက်နေတာဖြစ်ကြောင်း ရဲမှူးကြီးအောင်မြတ်မိုး က ပြောပါတယ်။

"တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထုတ်တဲ့ စာစောင်တွေမှာ ဖော်ပြချက်တွေအရသော်လည်းကောင်း ဒီ ARSA အကြမ်းဖက် အဖွဲ့အစည်းရဲ့ ၉ ရက်နေ့မှာတော့ သူူတို့ အပစ်အခတ်ရပ်စဲတာ ပြီးသွားပြီ ဆိုတဲ့ ကြေညာချက်တွေအရသော်လည်းကောင်း ဖြစ်ပေါ်နေတဲ့ အခြားအခြားသော သတင်းဌာနများ ရရှိတဲ့ သတင်းတွေအရသော်လည်းကောင်း ကျနော်တို့ သတင်းတော့ ရထားပါတယ်။ သို့သော် သတင်း မှန်၏ မှား၏က သတင်းသည် သတင်းသာဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ပြည်သူလူထု မလိုအပ်ဘဲနဲ့ ထိခိုက်ခံစားမှုမဖြစ်အောင် ရဲတပ်ဖွဲ့အနေနဲ့ ပြည်တွင်းလုံခြုံရေးတာဝန်ကို ယူထားရ တာဖြစ်တဲ့အတွက် ကျနော်တို့ လုံခြုံရေးတာဝန်ကိုတော့ ပိုပြီးတော့ဂရုစိုက်ပြီး ဆောင်ရွက်သွားမှာဖြစ် ပါတယ်"

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုး ဦးဆောင်ပြီး မနေ့ညက စစ်တွေမြို့မှာ လှည့်ကင်းတွေ ဆောင် ရွက်ခဲ့သလို ယာဉ်အသွားအလာတွေကိုလည်း ပိတ်ဆို့ရှာဖွေခဲ့ပါတယ်။

မောင်တောဒေသမှာ ပြီးခဲ့တဲ့သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နယ်မြေ ရှင်းလင်းရေးတွေ ဆောင်ရွက်ပြီးချိန်မှာ အကြမ်းဖက်အဖွဲ့အစည်းတွေက မြန်မာပြည်မြို့ကြီးတွေမှာ ဖောက်ခွဲ မှုတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေရခဲ့သလို၊ သံသယဖြစ်ဖွယ်ဖောက်ခွဲမှုတွေလည်း ဖြစ်ပွားခဲ့တာကြောင့် ရခိုင်ပြည်နယ် အတွင်းက ဈေးတွေ၊ ကားဂိတ်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ လုံခြုံရေးတွေချထား တာ ဖြစ်ပါတယ်။

အခုလိုလုံခြုံရေးတိုးမြှင့်ဆောင်ရွက်တာတွေကို ပြီးခဲ့တဲ့ တစ်လလောက်ကတည်းက ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရှေ့ ဆက်ပြီးတော့လည်း လိုအပ်ချက်အရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရဲမှူးကြီးအောင်မြတ်မိုး က ပြောပါတယ်။

ပြည်သူလူထုအနေနဲ့လည်း မသင်္ကာဖွယ်ရာ ထူးခြားမှုတစ်စုံတရာ တွေ့ခဲ့မယ်ဆိုရင် ရဲတပ်ဖွဲ့ကို အကြောင်းကြားစေ လိုကြောင်းလည်း ပြောပါတယ်။

အမှတ် (၄) လုံခြုံရေး ရဲတပ်ဖွဲ့များ ကွပ်ကဲရေးမှူး ရဲမှူးချုပ်မြဝင်း ကလည်း ဖြစ်စဉ်တွေအပေါ်မူတည်ပြီး လုံခြုံရေး လက်ဦးမှုရရှိအောင် ဆောင်ရွက်မယ်လို့ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org