လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အစည်းအဝေး

ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ် အရေးအတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ ၂ ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး Rosario Manalo ရိုဆာရီယို မယ်နာလို ကို တွေ့ရစဉ် Photo: dfaphl

ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ်အရေးအတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ ၂ ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီတစ်ကြိမ်မှာတော့ မောင်တောမြို့ကို သွားရောက်ကွင်းဆင်းစစ်ဆေးမယ့်အစီအစဉ် မရှိဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနဲ့ လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး က ပြောပါတယ်။

"ကျမ သိသလောက်က မနေ့က ရန်ကုန်မှာ အစည်းအဝေး ရှိတယ်၊ ဒီနေ့တော့ နေပြည်တော်သွားမယ်၊ ပြီးရင် ဒီညနေ ပြန်ကြမယ်၊ ဒီနေ့ မနက်က နေပြည်တော်ရောက်တယ် ပြီးရင် ရန်ကုန် ပြန်လာမယ် ရန်ကုန်ကနေ ပြန်ကြမယ်၊ ဒီတစ်ခေါက်က သိပ်ဟိုဟာမရှိဘူး၊ အစည်းအဝေးလုပ်တာလောက်ပဲ၊ နယ်ထွက်မယ်လို့ ကျမ မသိထားဘူး"

ကော်မရှင်အဖွဲ့ဝင်တွေဟာ တတိယအကြိမ်မြောက်အဖြစ် ရောက်ရှိလာတာဖြစ်ပြီး ဒီတစ်ကြိမ်မှာ အစိုးရ ခေါင်းဆောင်တွေနဲ့ တေ့ွဆုံဆွေးနွေးမှု ရှိမရှိကို ထုတ်ဖော်ပြောကြားတာ မရှိခဲ့ပါဘူး။

အဲဒီကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလို၊ ကုလသမဂ္ဂ ဂျပန်နိုင်ငံ သံအမတ်ကြီးဟောင်း ကင်ဇိုအိုရှီးမားနဲ့ ဒေါက်တာ အောင်ထွန်းသက် တို့က အဖွဲ့ဝင်တွေ အဖြစ် ပါဝင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့ကို ပထမဆုံးအကြိမ်အဖြစ် ကွင်းဆင်း လေ့လာခဲ့ပြီး လာမယ့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ သမ္မတထံ အစီရင်ခံစာတင်ရမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org