မြန်မာနိုင်ငံကို ဆန်တန်ချိန် နှစ်ထောင်ကျော် အိန္ဒိယ လှူဒါန်း
မြန်မာနိုင်ငံက ရေဘေးသင့် ပြည်သူတွေအတွက် အိန္ဒိယနိုင်ငံက ဆန်တန်ချိန် နှစ်ထောင်ကျော် (၂၂၀၀ ) လှူဒါန်းလိုက်ပါတယ်။
-
RFA Burmese
2024-12-13 -
-
-
မြန်မာနိုင်ငံက ရေဘေးသင့် ပြည်သူတွေအတွက် အိန္ဒိယနိုင်ငံက ဆန်တန်ချိန် နှစ်ထောင်ကျော် (၂၂၀၀ ) လှူဒါန်းလိုက်ပါတယ်။
ကွန်တိန်နာ ၈၆ လုံးနဲ့ ဆန်တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောဟာ ဒီဇင်ဘာ ၇ ရက်နေ့က အိန္ဒိယဆိပ်ကမ်းကနေ ထွက်ခွာပြီး ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိခဲ့တာပါ။
ဒီဇင်ဘာ ၁၂ ရက်နေ့မှာတော့ ရန်ကုန်ဆိပ်ကမ်းမှာ စစ်ကောင်စီအာဏာပိုင်နဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက အဲဒီဆန်တွေကို လွှဲပြောင်းပေးခဲ့ပါတယ်။
ဒီလှူဒါန်းမှုဟာ ကလေးသူငယ်၊ အမျိုးသမီ၊ သက်ကြီးရွယ်အို၊ မသန်းစွမ်းနဲ့ အကူအညီလိုနေတဲ့ မြန်မာပြည်သူ တစ်သိန်းလေးသောင်းအတွက် ရည်ရွယ်တယ်လို့ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။
ရာဂီမုန်တိုင်းသင့်သူတွေကို ရေဘေးကူညီထောက်ပံရေးအတွက် စစ်ကောင်စီရဲ့ကမ်းလှမ်းချက်ကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယအစိုးရက အခုလို လှူဒါန်းတာလို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာကလည်း အရေးပေါ် ရေဘေးကူညီထောက်ပံရေးအနေနဲ့ အိမ်သုံးဆေးဝါး အပါအဝင် ၅၃ တန်ရှိတဲ့ ထောက်ပံ့ကူညီမှုတွေကို အိန္ဒိယအစိုးရက ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။