မြန်မာ့ရေနံနဲ့ ဓါတ်ငွေ့ ပိုမိုရရှိဖို့ အိန္ဒိယ စိတ်ဝင်စား

ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော် ရှာဖွေပြီး ရေနံချက်ရုံမက လက်လီရောင်းချ ဖို့အပြင် ဖြန့်ဖြူးရေး အပါအဝင် မြန်မာ့ရေနံ ကဏ္ဍမှာ အစိုးရ ရေနံနဲ့ သဘာဝကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံဖို့ အိန္ဒိယရေနံဝန်ကြီး Pradhan က ပြောကြားလိုက်ပါတယ်။

ကမ်းလွန်ရေနံထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကိုမြင်ရစဉ် Photo:shew.org

ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရှာဖွေပြီး ရေနံချက်ရုံမက လက်လီရောင်းချဖို့အပြင် ဖြန့်ဖြူးရေး အပါ အဝင် မြန်မာ့ရေနံကဏ္ဍမှာ အစိုးရ ရေနံနဲ့ သဘာဝကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံဖို့ အိန္ဒိယရေနံဝန်ကြီး  Pradhan က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို အလည်အပတ်ရောက်တဲ့ အိန္ဒိယရေနံဝန်ကြီးရဲ့ ခရီးစဉ်အကြောင်း မနေ့က ထုတ်ပြန် တဲ့ ကြေညာချက်မှာ အဲဒီလိုကမ်းလှမ်းလိုက်တာပါ။

အိန္ဒိယရေနံနဲ့ သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်းနဲ့  Gail (India) လိမိတက်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့လုပ်ကွက်တွေမှာရင်းနှီးမြှုပ်နှံထားပြီးဖြစ်ပါတယ်။

နောက်တချီလေလံတင်ပွဲမှာ အစိုးရပိုင်ကုမ္ပဏီတွေ ပါဝင်ရင်းနှီးမြုှပ်နှံလုပ်ကိုင်ဖို့ အိန္ဒိယက စိတ်အားထက်သန်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org