မြန်မာပြည်မတည်ငြိမ်ရင် သူတို့နိုင်ငံပါသက်ရောက်တယ်လို့ အိန္ဒိယရဲ့ကုလသမဂ္ဂသံအမတ်ပြော
မြန်မာနိုင်ငံကို မတည်မငြိမ်ဖြစ်စေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဘယ်လို ဆောင်ရွက်မှုကိုမှ အိန္ဒိယအနေနဲ့ ထောက်ခံမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ်လည်းဖြစ်၊ သြဂုတ်လအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ လည်းဖြစ်တဲ့ T S Tirumurti (တီအက်စ် တီရူမူရတီ) က ပြောလိုက်ပါတယ်။
- 2021-08-03
-
-
-
မြန်မာနိုင်ငံကို မတည်မငြိမ်ဖြစ်စေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဘယ်လိုဆောင်ရွက်မှုကိုမှ အိန္ဒိယအနေနဲ့ ထောက်ခံမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ်လည်းဖြစ်၊ သြဂုတ်လအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌလည်း ဖြစ်တဲ့ T S Tirumurti (တီအက်စ် တီရူမူရတီ) က ပြောလိုက်ပါတယ်။
မြန်မာပြည်ရဲ့ မတည်ငြိမ်မှုဟာ အိန္ဒိယကို သက်ရောက်စေတယ်လို့လည်း သူက ထပ်လောင်းပြောဆိုပါတယ်။ ကုလသမဂ္ဂရုံးချုပ်မှာ တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
မြန်မာပြည်မှာ ဖြစ်နေတာတွေကို သူတို့အနေနဲ့ စိုးရိမ်ပူပန်နေသလို၊ အကြမ်းဖက်တဲ့နည်းတွေ သုံးနေတာကိုလည်း ပြစ်တင်ရှုတ်ချတယ်လို့ သူကပြောပါတယ်။ မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်မရောက်နိုင်သေးဘူးလို့ အိန္ဒိယအနေနဲ့ ယုံကြည်ထားတယ်လို့လည်း သံအမတ်ကြီး တီရူမူရတီ က ပြောပါတယ်။
ဒါကြောင့် အပြုသဘောဆောင်ပြီး ပူးပေါင်းဆောင်ရွက်ချဉ်းကပ်တဲ့နည်း လိုအပ်ကြောင်း မလိုအပ်တာကတော့ မြန်မာပြည် မတည်မငြိမ် ဖြစ်စေမယ့် နည်းလမ်းတွေပဲ လို့ဆိုပါတယ်။ အိန္ဒိယအနေနဲ့လည်း နိုင်ငံထဲမှာ ခိုလှုံရောက်ရှိနေတဲ့ ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို မငြင်းပယ်ဘဲ လက်ခံထားတယ် လို့ပြောပါတယ်။ အာဆီယံဆွေးနွေးပွဲကနေ ချမှတ်ထားတဲ့ အချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ကိုလည်း သူက တိုက်တွန်းတောင်းဆိုတယ်လို့ ပြောပါတယ်။