အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး ၂ နှစ်အတွင်းပြီးဖို့ မျှော်လင့်

အိန္ဒိယ မြန်မာ ထိုင်း သုံးပွင့်ဆိုင် အဝေးပြေးလမ်းမကြီးကို လာမယ့် ၂ နှစ်အတွင်း အပြီးသတ်နိုင်ဖို့ မျှော်လင့်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာအတွင်းဝန် အနူရတ် ဘူရှန်း က ပြောပါတယ်။

မြန်မာ-အိန္ဒိယ နယ်စပ်အဝင်အထွက် စစ်ဆေးရေးဂိတ်ကို တွေ့ရစဉ်

အိန္ဒိယ မြန်မာ ထိုင်း သုံးပွင့်ဆိုင် အဝေးပြေးလမ်းမကြီးကို လာမယ့် ၂ နှစ်အတွင်း အပြီးသတ်နိုင်ဖို့ မျှော်လင့်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာအတွင်းဝန် အနူရတ် ဘူရှန်း က ပြောပါတယ်။

ဒါ့ပြင် အိန္ဒိယအနေနဲ့ အဲဒီလမ်းမကြီးကို တခြားနိုင်ငံတွေနဲ့ပါ တိုးချဲ့ ဆက်သွယ်နိုင်ဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောဆိုပါတယ်။

မိုင် ၈၅၀ နီးပါးရှည်တဲ့ အဲဒီ အဝေးပြေးလမ်းမဟာ မြန်မာနိုင်ငံကတဆင့် အိန္ဒိယနိုင်ငံ မိုးရေးမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ကို ဆက်သွယ်မှာဖြစ်ပြီး၊ အာဆီယံ အိန္ဒိယ လွတ်လပ်တဲ့ ကုန်သွယ်ရေးနယ်ပယ်တရပ် ထူထောင်ဖို့လည်း အိန္ဒိယက ရည်မှန်းထားပါတယ်။

အဲဒီ အိန္ဒိယ မြန်မာ ထိုင်း သုံးပွင့်ဆိုင်အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရာမှာ ပထဝီမြေမျက်နှာပြင် အနေအထားနဲ့ ကြိုတင်မျှော်လင့်မထားတဲ့ ပြဿနာတွေ ကြုံတွေ့ရပေမဲ့၊ လုပ်ငန်း အခြေအနေ တိုးတက်ကောင်းမွန်နေကြောင်း၊ နောက် နှစ်နှစ် သုံးနှစ်လောက်ဆိုရင် စီမံကိန်းအပြီးသတ်ဖို့ ရည်မှန်းထားကြောင်း အာဆီယံရေးရာအတွင်းဝန် ဘူရှန်း က မနေ့က ကျင်းပတဲ့ အိန္ဒိယ အာဆီယံ မိတ်ဖက် ဆွေးနွေးပွဲတရပ်မှာ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် အိန္ဒိယ မြန်မာ ထိုင်း မော်တော်ကားဆိုင်ရာ သဘောတူညီချက်ကိုလည်း အပြီးသတ်လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org