အိန္ဒိယဝန်ကြီးချုပ် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့မည်
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ဟာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံ က အာဆီယံထိပ်သီးညီလာခံနဲ့ အရှေ့အာရှထိပ်သီးညီလာခံတွေကို တက်ရောက်ဖို့ ရှိပြီး မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံဖို့ရှိတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန သတင်း စာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Syed Akbaruddin က မနေ့က ပြောကြားလိုက်ပါတယ်။
-
2014-11-09 -
-
-
အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီဟာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံက အာဆီယံထိပ်သီး ညီလာခံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံတွေကို တက်ရောက် ဖို့ရှိပြီး မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည်ကိုလည်း တွေ့ဆုံဖို့ရှိတယ်လို့ အိန္ဒိယနိုင် ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲ မှာပြောခွင့် ရပုဂ္ဂိုလ် Syed Akbaruddin ကမနေ့က ပြောကြား လိုက်ပါတယ်။
ဝန်ကြီးချုပ်မိုဒီဟာ အိန္ဒိယဝန်ကြီးချုပ်ဖြစ်လာအပြီး ပထမဆုံး ဒီညီလာခံတွေကို တက်ရောက်မှာဖြစ် ပြီး နေပြည်တော်မှာ ၂ နိုင်ငံသံတမန် ကိစ္စတွေဆွေးနွေးဖို့သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံမယ် လို့လည်း နိုင်ငံခြားရေးဌာနအရှေ့ဖျားရေးရာ အတွင်းဝန် Anil Wadhwa ကပြောပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း ခေါင်းဆောင် ၂ ဦး အပြင် တခြား တွေ့ဆုံမယ့်အစီအစဉ် အသေးစိတ်ကိုမေးမြန်းရာမှာ စီစဉ်နေဆဲဖြစ်လို့ အသေးစိတ် ထုတ်ဖော်ပြောလို့ မရသေးကြောင်း၊ ဝန်ကြီးချုပ်အနေနဲ့ တတ်နိုင် သမျှ ခေါင်းဆောင်အများအပြားနဲ့ တွေ့ဆုံချင်တဲ့ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယအရှေ့ပိုင်းပြည်နယ် ၄ ခုနဲ့ထိစပ်နေပြီး အိန္ဒိယအစိုးရရဲ့ အရှေ့မျှော်မူဝါဒအတွက် အရေးကြီးတဲ့နိုင်ငံဖြစ်ပါတယ်။
နေပြည်တော်အရှေ့အာရှညီလာခံကို တရုတ်ဝန်ကြီးချုပ် လီကကျင်းလည်း တက်ရောက်မှာဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ဖော်ပြောကြားထားပါတယ်။