ရိုဟင်ဂျာပြန်ပို့မှု UNHCR စိုးရိမ်
မြန်မာနိုင်ငံကို အိန္ဒိယအစိုးရက ရိုဟင်ဂျာမွတ်စလင် ၇ ဦး ပြန်လည်ပို့ဆောင်ခဲ့မှုအတွက် အထူး စိုးရိမ်ကြောင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သောကြာနေ့ မနေ့က ပြောကြားလိုက်ပါတယ်။
-
2018-10-05 -
-
-
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ရိုဟင်ဂျာ မွတ်စလင် အမျိုးသမီးငယ် ၂ ဦးကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်
Photo: MONEY SHARMA / AFP
မြန်မာနိုင်ငံကို အိန္ဒိယအစိုးရက ရိုဟင်ဂျာမွတ်စလင် ၇ ဦး ပြန်လည်ပို့ဆောင်ခဲ့မှုအတွက် အထူးစိုးရိမ်ကြောင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သောကြာနေ့ မနေ့က ပြောကြားလိုက်ပါတယ်။
အဲဒီလူတွေ မြန်မာပြည်မှာ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေအကြောင်း သူတို့ကို ပြန်မပို့ခင်မှာ UNHCR က အိန္ဒိယအစိုးရကို ပြောကြားခဲ့ပေမယ့် လက်ခံလိုက်နာခြင်း မရှိခဲ့ကြောင်း၊ သူတို့နဲ့တွေ့ခွင့်ပြုဖို့ တောင်းခံခဲ့တာကို တုံ့ပြန်ခဲ့ခြင်း မရှိတဲ့အပြင် တရားဥပဒေအရ သူတို့ကို အစိုးရရှေ့နေတွေက အကာအကွယ်ပေးဖို့လည်း မိမိတို့ အဖွဲ့အနေနဲ့ ဆောင်ရွက်နိုင်စွမ်း မရှိခဲ့တဲ့အတွက် ဝမ်းနည်းရပါကြောင်း UNHCR အရာရှိတစ်ဦးက ဂျနီဗာမြို့မှာ ပြောပါတယ်။
အဲဒီ ရိုဟင်ဂျာတွေက ခိုလှုံခွင့်တောင်းခံတာကို အိန္ဒိယအစိုးရက လိုအပ်သလို အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိဘူးလို့လည်း ကုလအရာရှိက ပြောပါတယ်။