အိန္ဒိယ၊ ထိုင်းနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောဆွေးနွေး

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရတ်ဂျိုင်ရှန်ကာ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆင်ညမ်ဖုန်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နယူးဒေလီမြို့မှာ ဇူလိုင်လ ၁၁ ရက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆင်ညမ်ဖုန်၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရတ်ဂျိုင်ရှန်ကာနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ (ဝဲမှယာ) တို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ဆုံစဉ်။ Facebook/ กระทรวงการต่างประเทศ Ministry of Foreign Affairs of the Kingdom of Thailand

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရတ်ဂျိုင်ရှန်ကာ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆင်ညမ်ဖုန်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နယူးဒေလီမြို့မှာ ဇူလိုင်လ ၁၁ ရက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီအစည်းအဝေးအတွင်း အိန္ဒိယ၊ ထိုင်းနဲ့ မြန်မာတို့ရဲ့ သုံးနိုင်ငံ ဘုံအကျိုးစီးပွားဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီအပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ သီးခြားထပ်မံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ် လုံခြုံရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟာ ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးတက်ရောက်ဖို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org